ဒီနှစ်ရဲ့နောက်ဆုံးနေ့...
လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက
Jonny Countdown ကိုကြည့်ရန်
သူ့ရဲ့ပရိတ်သတ်များအား ပြောခဲ့သည်...။
တစ်ချို့က ကိုယ်တိုင်လာမည်ဟုပြောကြသလို
တစ်ချို့ကတော့ Live ကို ကြည့်မည်တဲ့...။အဲ့အချိန်တုန်းကတော့ ကိုယ်တိုင်ဖျော်ဖြေရမည်ဆိုတဲ့အသိဖြင့်
သိပ်ကိုတက်ကြွနေခဲ့ပေမယ့်
အခုကတော့ သူကိုယ်တိုင်ကိုက
စခရင်ကနေတစ်ဆင့်သာ ကြည့်နိုင်သောအခြေအနေ...။"ကလေးလေး...နေသာရဲ့လား..."
Koji က ဝင်လာပြီးမေးတော့
မဖြေချင်စွာဘဲ ခေါင်းကိုစောင်းငဲ့မိသည်...။
တစ်ကိုယ်လုံးဖြင့်ကျောခိုင်းချင်သော်လည်း
ဘယ်ဘက်ဒူးခေါင်းမှ ခြေကျင်းဝတ်ထိ
ကျောက်ပတ်တီးစည်းထားရသောသူက
စိတ်ရှိတိုင်း မလှုပ်ရှားနိုင်ပါလေ...။မနေ့က သူတို့ရဲ့နောက်ဆုံးလေ့ကျင့်မှုဖြစ်ပြီး
အားလုံးအဆင်ပြေပြေရှိနေခဲ့သည်...။
စင်ပေါ်သို့များစွာအတက်အဆင်းလုပ်ခဲ့ရပြီး
လှေကားပေါ်တွင် ဘယ်သူ့ကြောင့်မှန်းမသိ
စိုရွဲနေသောရေများကြောင့်
မီချီအဲဒ ချော်လဲခဲ့ခြင်း...။သွေးပူတုန်းမို့ ဘာမှသိပ်မဖြစ်ဟုထင်ခဲ့သော်လည်း
ကုန်းထပြီး သုံးလှမ်းလောက်လျှောက်အပြီးတွင်
လုံးဝလမ်းမလျှောက်နိုင်တော့...။အဆစ်လွဲသွားတာဖြစ်ပြီး နှစ်ပတ်လောက်အနားယူရမည်ဟု
ဆရာဝန်ကပြောလာတော့ မီချီက လက်မခံနိုင်ခဲ့...။
သူတို့ဘယ်လောက်တောင်မျှော်လင့်ခဲ့ရတဲ့ပွဲလဲ...။
သူ့ကြောင့် အစကနေအကပြန်ကျင့်ရမည့်
အဖွဲ့ဝင်တွေကိုလည်း အားနာသည်...။
ရုတ်တရက် မတင်ဆက်နိုင်ခြင်းအပေါ်
စိတ်မကောင်းဖြစ်သွားမည့် ပရိတ်သတ်များကိုလည်း အားနာသည်...။သူ့၏မပြည့်စုံမှုကြောင့်
သူ့အားအပြစ်တင်ရှောင်ဖယ်ကြမှာမျိုး သိပ်ကြောက်ပါသည်...။သူ့ကြောင့်နှင့်ပင် မန်နေဂျာလည်း
အတော်ဆူခံလိုက်ရသည်...။
CEO က ဘာမှမပြောပေမယ့်
မီချီတို့အဖွဲ့က လူစိတ်ဝင်စားခံရဆုံးဖြစ်နေသည်မို့
ထိခိုက်မှုတစ်စုံတစ်ရာဖြစ်လာနိုင်သည်...။
YOU ARE READING
Štãř & Ĥiš Ôbśèŝšivē Fäñ (Complete)