Part-7

160 29 2
                                    

Naniwa Danshi Practice Room

"နေမကောင်းဘူးလား..."

Ryusei က မေးရင်းနှင့် နဖူးကိုပါထိလာသည်။

"ကောင်းပါတယ်...ဘာလို့လဲ..."

"ရောက်ကတည်းက ငြိမ်ငြိမ်လေးထိုင်ပြီး
မှိုင်နေတဲ့ဟာ...
နားရက်မှာ တစ်ခုခုဖြစ်ခဲ့တာလား..."

"ဟင့်အင်း...မဖြစ်ပါဘူး..."

"နားရတာမဝသေးလို့ဖြစ်မယ်..."

"ဟုတ်သား... မီချီ့liveကိုကြည့်လိုက်ရတယ်လေ
အဲ့မှာ ထူးဆန်းတဲ့..."

"အား...တစ်ရက်တည်းနဲ့ 0.3 kgတောင်
တက်လာတယ်..."

"သေပါပြီ..."

အကဆရာမလာခင် ကိုယ်အလေးချိန်ချိန်ကြည့်နေသော
အငယ်ဆုံးလေးရဲ့အော်သံကြောင့် Ryuseiနှင့်
စကားစပြတ်သွားရသည်...။

"အယ်...မင်းမျက်နှာက တကယ်ကိုဖောင်းလာတာနော်..."

"ဟင် တကယ်ကြီးလား..."

Kyoheiရဲ့စကားကြောင့် မှန်ဆီပြေးကပ်ပြီး
Kento က သူ့မျက်နှာကိုသေချာကြည့်သည်...။

"ဟုတ်ပါရဲ့... မင်းတင်ပါးတစ်ဖက်တောင်
ကြီးလာသလိုပဲနော် Kento ရေ..."

"ဗျာ..."

အလန့်တကြားနှင့်တင်ပါးနှစ်ဖက်ကိုလက်ဖြင့်အုပ်ကိုင်ပြီး
ဘယ်ဘက်ကပိုကြီးနေလဲစစ်ဆေးနေသည့် Kentoကြောင့်
မီချီအပါအဝင်အားလုံး မထိန်းနိုင်ဘဲရယ်လိုက်ကြသည်...။

"အကိုတို့က နောက်နေကြတာပဲ...
တကယ်ဆိုးတဲ့လူတွေ..."

စိတ်ဆိုးသွားသော အငယ်လေးအား
ပွေ့ဖက်ချော့သလိုလိုနှင့် ခါးကိုဝိုင်းတို့ကြတော့
လေ့ကျင့်သည့်အခန်းထဲတွင် ရယ်သံများညံစီသွားတော့သည်...။

ဒါက သူ့ရဲ့ ဒုတိယမိသားစုလေးပဲ...။
Ryusei မှလွဲ၍ ကျန်သည့်အဖွဲ့ဝင်တွေက
အဖွဲ့ဖွဲ့ဖြစ်ကာမှ သိကျွမ်းခဲ့ရတာ...။
အငယ်ဆုံးမဟုတ်သော်လည်း ဇာတ်လမ်းရိုက်ကူးရေးများနှင့်
သူ့ကြောင့် နှောင့်နှေးခဲ့ရတာတွေများပေမယ့်
တစ်ခါမှ အပြစ်မဆိုဖူးကြသူတွေ...။

ဒါပေမယ့် စည်းတစ်ခုက ကာဆီးထားသလို...။
သူတို့မှာရော မီချီ့လို ဖုံးကွယ်ထားတဲ့အရာတွေရှိနေနိုင်လား...။

Štãř & Ĥiš Ôbśèŝšivē Fäñ (Complete)Where stories live. Discover now