Final

199 19 23
                                    

တစ်စုံတစ်ရာလစ်ဟာသွားတဲ့ခံစားမှုမျိုးရလိုက်တာမို့
မဲဂုရိုရဲ့မျက်လုံးတွေက ဖြေးညှင်းစွာပွင့်လာခဲ့တယ်...။
အခန်းနံရံက ဓာတ်ပုံတွေကို လက်နောက်ပစ်ကာ
လိုက်ကြည့်နေတဲ့ သူ့အသက်ကို
ခပ်ဝါးဝါးလေးမြင်ရတယ်...။
စိတ်ချသွားတဲ့အသိကြောင့် မျက်လုံးတွေကိုပြန်မှိတ်လို့
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့တယ်...။

မီချီက နံရံကဓာတ်ပုံတွေကြည့်ရင်း
ရင်ထဲမှာပြည့်လျှံနေတဲ့ခံစားချက်မျိုး ခံစားရလာတယ်...။
သူ့အိမ်က အယ်လ်ဘမ်တွေထဲမှာတောင်
ဒီလောက်များတဲ့ဓာတ်ပုံတွေရှိမှာမဟုတ်ဘူး...။
မဲဂုရိုက သူ့အပေါ် အရာအားလုံးပုံအပ်ထားတယ်လို့
ခံစားရတာမို့ နှုတ်ခမ်းစွန်းလေးတွေကွေးတက်သွားရတယ်...။

သူဟာငယ်ရွယ်သေးပေမယ့်
ဖြတ်သန်းခဲ့ရတဲ့အခြေအနေနဲ့ တွေ့ကြုံရတဲ့အခက်အခဲတွေကြောင့်
သူဟာလူကြီးလေးလို ဆင်ခြင်နိုင်ခဲ့တယ်...

ဖြစ်ချင်တာထက် ဖြစ်သင့်တာကိုရွေးချယ်ပြီး
အပြုံးမျက်နှာနဲ့ဟန်ဆောင်နေကျ သူက
ဒီလူအတွက်ရူးမိုက်ချင်တယ် ၊ ရိုးသားချင်တယ် ။

မဲဂုရိုပေးတဲ့ချစ်ခြင်းမေတ္တာက သိပ်ကိုလေးနက်ပြီး
နွေးထွေးလွန်းတာမို့
ပုံစံအမျိုးမျိုးနဲ့ သူသဘောကျနေမိတာဖြစ်တယ်...။
ဒီလူကို တစ်သက်လုံးဆိုတာ သေချာနေပါပြီလို့
သူ့နှလုံးသားက ထပ်ခါထပ်ခါဟစ်ကြွေးနေတယ်...။

သူရူးမိုက်ချင်လာတယ်...သူဆန့်ကျင်ချင်လာတယ်...
သူရဲဝံ့ပြီး ရိုးသားချင်လာတယ်...
စာရွက်လေးပေါ်မှာစာတစ်ချို့ကို ခပ်သွက်သွက်ရေးလို့
မဲဂုရိုမြင်နိုင်မယ့်နေရာမှာတင်ထားခဲ့တယ်...။
အဲ့ဒီနောက် အိမ်တံခါးလေးကိုစေ့လို့
တစ်နေရာကိုထွက်လာခဲ့လိုက်ပါတော့တယ်...။

မဲဂုရိုနိုးလာတဲ့အချိန်က အတော်လေးနေမြင့်နေပြီဖြစ်တယ်...
သူ့ကိုယ်ထဲက တစ်စုံတစ်ရာနိုးကြားလာမှာစိုးတဲ့အတွက်
စိတ်ချပြီးမအိပ်ခဲ့ရတဲ့ညတွေ
သူ့မှာဘယ်လောက်များနေပြီလဲ...။
ခပ်နွေးနွေးကိုယ်လုံးလေးကိုထွေးဖက်ထားလို့သာ
ကောင်းကောင်းအိပ်ပျော်တာဖြစ်တယ်...။

Štãř & Ĥiš Ôbśèŝšivē Fäñ (Complete)Where stories live. Discover now