Part-16

123 15 5
                                    

"မီချီ...စင်ပေါ်တက်ရတော့မယ်..."

"Koji..."

"ကလေးက ဘာအမှားမှလုပ်ထားတာမဟုတ်လို့
စင်ပေါ်မှာကြိုးစားပြီး အကောင်းဆုံးဖျော်ဖြေခဲ့နော်..."

မျက်ရည်များဝဲ၍ မှိုင်းညို့နေသောမျက်ဝန်းများနှင့်
မီချီက ဖျော့တော့နေတဲ့ပန်းပွင့်လေးလိုပါပဲ...။
သူ့ရင်ခွင်ထဲခိုဝင်ပြီး ပင်ပန်းရသမျှ
ငိုကြွေးတတ်တဲ့ ကလေးလေးအရွယ်ကိုလွန်မြောက်လာခဲ့တဲ့
သူ့ညီလေးက သန်မာချင်ယောင်သိပ်ဆောင်တတ်တယ်...။

"အဆင်ပြေသွားမှာပါ..."

"Koji..."

မပြောမဆိုနဲ့ ပွေ့ဖက်လိုက်တဲ့ မီချီ့ကြောင့်
Kojiက အနည်းငယ်ကြောင်အသွားတယ်...။
ကျောပြင်ကိုအသာအယာပွတ်သပ်ပေးတော့
သူ့ပုခုံးပေါ်ကျလာတဲ့ ပူနွေးနွေးမျက်ရည်စတွေ...။
ခပ်လှမ်းလှမ်းက ကြည့်နေတဲ့အဖွဲ့ဝင်တွေကပါ
မီချီ့ကိုဝိုင်းပြီး ပွေ့ဖက်လေတော့
လူအုပ်ကြားမှာ Kojiမြှုပ်လို့သွားတယ်...။

"ကဲကဲ တော်ပြီ...အသက်ရှုလည်းကျပ်နေပြီ..."

"အားလုံးအဆင်သင့်ပြင်...
မီချီက မိတ်ကပ်ပြန်လိမ်းလိုက်ဦး...
မြန်မြန် မြန်မြန်!!!"

"ဟုတ်..."

သံပြိုင်အော်ပြီး မီချီ့ပုခုံးတွေကိုဖက်လို့
ဆွဲခေါ်သွားတဲ့အဖွဲ့ဝင်တွေကြား
ခပ်နွမ်းနွမ်းမျက်နှာလေးက ပြုံးလို့ရယ်...။
သက်ပြင်းကိုအသာချလို့
ဖုန်းကိုဖွင့်ကြည့်လိုက်တယ်...။

နာမည်ကြီး မင်းသား နဲ့ မင်းသမီးရဲ့လမ်းခွဲပြတ်ဆဲခြင်းက
သတင်းစာမျက်နှာတိုင်းမှာ နေရာယူထားတယ်...။
မကောင်းသောမှတ်ချက်များနှင့်
CP fan များ၏ ဝမ်းနည်းကြောင်းတွေမှာလည်း
တရိပ်ရိပ်တက်လျက်...။
ကာကယံရှင်နှစ်ဦး၏ နာမည်နှင့်အပြိုင်
မှတ်ချက်များအပေးခံရနေရသူက မီချီအဲဒ...။
အကြောင်းအရင်းကတော့
ထိုပြတ်ဆဲမှုမှအမျိုးသားက မီချီနှင့်အတူ
ရုပ်ရှင်ရိုက်ခဲ့သည့် တွဲဖက်စီနီယာ...။

တဟုန်ထိုး ထိုးတက်သွားသည့်
ရုပ်ရှင်လက်မှတ်ရောင်းအားနှင့်အတူ
လမ်းခွဲပြတ်ဆဲမှုက မီချီ့ကြောင့်ဆိုသည့်မှတ်ချက်များကို
စကားလုံးအနုအကြမ်းစုံစွာနှင့် ရေးသားသူများကလည်း
များပြားလာသည်...။
မကြာခင်ကပင် စိတ်ရှုပ်ထွေးစွာပြောခဲ့သည့်
မီချီ့စကားက Koji အတွေးသို့ဝင်ရောက်လာသည်...။

Štãř & Ĥiš Ôbśèŝšivē Fäñ (Complete)Where stories live. Discover now