Part-10

171 26 8
                                    

ညသန်းခေါင်အချိန်မို့
ဆေးရုံတစ်ခုလုံးတိတ်ဆိတ်လို့နေသည်...။
ဘေးနားက Koji ၏ ဟောက်သံက
အချက်မှန်မှန်ထွက်ပေါ်လျက်ရှိသည်...။

"အင့်...အင့်..."

ခပ်တိုးတိုးငိုရှိုက်သံကြောင့်
မဲဂုရို၏လက်ဖျံရှိ မွှေးညှင်းများထောင်ထသွားသလို
ခံစားလိုက်ရသည်။
မှန်ပြတင်းများဆီမဝံ့မရဲကြည့်ရင်း
ဘယ်အချိန်များ ခေါင်းစောက်ထိုးကြီးပေါ်လာလေမလဲဟု
ခြောက်ခြားစွာစောင့်ကြည့်နေမိသည်...။

"ဟင့်..."

ရှိုက်သံက ထွက်ပေါ်နေဆဲ...။
လှုပ်ရှားမှုတစ်စုံတစ်ရာကိုပါ မြင်လိုက်ရသည်...။
ဆေးရုံကုတင်ပေါ်မှ စောင်ကလေးသည်
တလှုပ်လှုပ်ဖြစ်နေလေသည်...။

"မီချီ..."

"အင့်..."

လူနာကုတင်နားသို့သွား၍
မျက်နှာရှိနေမည့်ဘက်သို့ကပ်ကာ ခပ်တိုးတိုးခေါ်လိုက်တော့
ရှိုက်သံတစ်ချက်ထွက်လာပြန်လေသည်...။

ခေါင်းထိလုံအောင်ခြုံထားသော စောင်အဖြူလေးအား
တဖြေးဖြေးဆွဲချလိုက်တော့
ချွေးစများဖြင့်စိုကပ်နေသော နဖူးပြင်ပေါ်ရှိ
ဆံစနုနုများအားအရင်မြင်ရသည်...။

ထပ်ကာဆွဲချတော့ မျက်ရည်စများကြောင့်
ပူးကပ်နေသော မျက်တောင်များဝန်းရံထားသည့်
အရည်ကြည်များပြည့်လျှံနေသော မျက်ဝန်းတစ်စုံအား
မြင်ရသည်...။
ထို့နောက် နီရဲနေသော နှာတံလုံးလုံး...။
ကြိတ်ကာငိုနေရသဖြင့်တဆတ်ဆတ်တုန်ယင်နေသော
နှုတ်ခမ်းပါး...။

စောင်စအားကျစ်ကျစ်ပါအောင်ဆုပ်ထားသော
လက်ကလေးများအားဆုပ်ကိုင်၍
မဲဂုရိုက ကုတင်ပေါ်သို့ တင်ပါးလွှဲထိုင်ချလိုက်သည်...။

"နာနေလို့လား..."

နာလို့ကျသည့်မျက်ရည်များမဟုတ်မှန်းသိသော်လည်း
မေးရပါသည်...။
ခေါင်းကိုဖြေးဖြေးယမ်းသည်က
စိတ်အားငယ်နေသည့်ကြောင်ကလေးသဖွယ်...။

"မင်းအမှားမဟုတ်ပါဘူး..."

"ကျွန်...ကျွန်တော့်ကြောင့်..."

"မင်းကြောင့်လို့ ဘယ်သူကမှမတွေးပါဘူး...
ဘယ်သူမှလည်းအပြစ်မတင်ဘူး...
မင်းကိုတကယ်ချစ်တဲ့သူတွေက
မင်းကိုစိတ်ပူနေကြတာ...
မင်းက သူတို့စိတ်မကောင်းအောင်ဝမ်းနည်းနေဦးမှာလား..ဟင်"

Štãř & Ĥiš Ôbśèŝšivē Fäñ (Complete)Where stories live. Discover now