>> Uni <<
*‘မောင်က အိပ်ရာဝင်ပုံပြင်တွေကို အယုံအကြည်မရှိဘူး။နောက်တော့ မောင်က ကိုယ့်ကိုယ်ကိုယ်တောင် မယုံကြည်ဘူး။ အဲ့တာဘာလို့လဲ’*
*“ကျွန်တော့်ရဲ့နှလုံးသားက နာကျင်ခဲ့လို့ပေါ့။အိပ်ရာဝင်ပုံပြင်တွေက ပုံပြင်တစ်ပုဒ်လိုပဲနားထောင်လို့ကောင်းတယ်။ကိုယ့်ကိုယ်ကိုယ် မယုံကြည်တာကလည်း ကျွန်တော့်ကို ယုံကြည်ပေးမဲ့ ကိုကိုရှိလာပြီလေ။”*
ပြန်တွေးမိတိုင်း အတိတ်က အချိန်တစ်ခုမှာ ပြုံးပြနေတဲ့ မောင့် အပြုံးတွေက လှပလွန်းသည်ကို
သူက ဘာလို့နာကျင်နေရတာလဲ။သူက
မောင့်အပေါ်မယုံကြည်ပေးနိုင်ခဲ့တာကြောင့်လား။‘ကိုကို တောင်းပန်ပါတယ် မောင်။’
အချိန်လည်း မနည်းတော့တာမို့ မောင် စားဖို့ စွပ်ပြုတ်လေးပါ သေချာလုပ်ပေးပြီး ဆေးရုံကိုထွက်လာမိသည်။မောင်က သူတို့ပထမဆုံးတွေ့ကြတုန်းက မောင့်အတွက် လုပ်ပေးသွားတဲ့ ရေညှိုထမင်းလိပ်နဲ့ စွပ်ပြုတ်ကို အားရပါးရစားဖူးသည်။မောင့်အကြိုက်တွေက သူလုပ်ပေးသမျှ အရာအကုန်လုံးလို့ပြောတဲ့အထိရိုးရှင်းပေမယ့် လေးနက်ခဲ့သည်။
‘ဆွန်းဟျောင်း.မောင်က ဆေးရုံဆင်းချင်ရင် ဆင်းလို့ရတယ်မလား’
'အင်း။ရတယ်လေ ဂျောင်ကုက ငါ့ညီလေးအဖြစ်နဲ့ပဲ စောင့်ကြည့်သဘောမျိုးထားထားတာမင်းသိတဲ့အတိုင်း မင်းသွားတဲ့နှစ်တွေမှာ ငါကဆေးရုံမှာပဲနေဖြစ်တာလေ။အဲ့တော့ ဂျောင်ကုကိုတစ်ယောက်တည်းထားဖို့ စိတ်ချလို့မရတာမို့ ငါနဲ့အနီးဆုံးကိုခေါ်ထားခဲ့တာ'
‘ငါ့ဘက်ကအများကြီးမှားခဲ့တာ။မောင့်ကို ငါမထားခဲ့သင့်ဘူး။ငါကလေ မောင့်အပေါ် သူစိမ်းဖြစ်တဲ့ မင်းလောက်တောင်မကောင်းခဲ့တာပဲ’
'မဆိုင်တာကြီးပါ ဆော့ဂျင်၊မဟုတ်တာတွေ မတွေးနေနဲ့တော့ လက်ရှိမှာ မင်းနဲ့ဂျောင်ကု အတွက် အကောင်းဆုံး ဖြစ်အောင်ကြိုးစားနေ။ဂျောင်ကု အနေနဲ့ ဆေးရုံဆင်းချင်တယ်ဆို ငါ့ကိုလာပြော...ဟုတ်ပြီလား'
‘မောင်က ငါ့ကို စကားတောင်သိပ်မပြောချင်ဘူး’
'မင်းကပဲ ပြန်ပြောယူပေါ့။ဖြစ်ခဲ့သမျှတွေက အတိတ်မှာကျန်ခဲ့ပြီပဲ ငါတို့ ပြန်ပြင်ဆင်လို့မရတော့ဘူးလေ။
ငါ လူနာသွားကြည့်ဦးမယ်'
YOU ARE READING
You are the Only One ( ✔ )
Fanfiction❇ JinkooK ❇ Fan Fic (Myanmar) By~Yeong_May Start_5.12.21 End _5.2.22