Uni
ကော်ဖီဆိုင်မှာ လူကျနေပေမဲ့ ကို့ကို့ကို စာပို့ဖို့ အချိန်မပျက်ကွက်အောင်ပို့ပေမဲ့တစ်နေကုန်စာပြန်မလာတဲ့ ကိုကို၊အခုဆိုင်သိမ်းချိန်ပြန်လာတော့ နေ့လယ်စာအတွက် မှာပေးထားတဲ့ အထုတ်လေးကလည်း ခြံရှေ့မှာပင်။စိတ်ပူသွားတာမှန်ပေမဲ့ ကိုကိုက သူ့စကားနားထောင်တာမို့ ဘာမှထိခိုက်အောင်လုပ်မှာမဟုတ်တာယုံသည်လေ။
"ကိုကိုရေ၊ကြက်ကြော်နဲ့ငါးပေါင်မုန့်လည်း၀ယ်လာတယ်၊မောင့် ကိုကိုက ဘယ်မှာလဲ အိပ်နေတာလား"
အခန်းထဲ၀င်ကြည့်တော့မှ ကုတင်ပေါ်မှာ ကွေးကွေးလေးပင် အိပ်နေသည်မို့ အနားသွားကြည့်တော့ ခပ်နွေးနွေးကိုယ်ငွေ့နဲ့ ငိုထားတာကို သက်သေပြနေတဲ့ မျက်ရည်ကြောင်းလေးနဲ့ နှာခေါင်းရဲရဲလေး။
"ကိုကို ထဦး၊ဖျားသွားမယ်လေ အခုတောင် ကိုယ်ငွေ့ရှိချင်နေပြီ"
'အင်း ပြန်လာပြီလား'
"တစ်မနက်လုံး ဘာမှလည်းမစားထားဘူး၊မောင့်စကားနားမထောင်ဘူးပဲ။အဲဒါကထားပါ အခုက အဆင်မပြေတာရှိနေလို့လား၊ဘာလို့ ငိုထားတာလဲ"
'ကိုကို တောင်းပန်ပါတယ် မောင်'
ရင်ခွင်ထဲတိုး၀င်လာပြီး တအိအိငိုချနေတဲ့ ကိုကိုက ဘာဖြစ်နေလဲမသိရ၊မနက်က ဆ်ိုင်မသွားခင်ကထိတောင် အကောင်းကြီးပင်။
"ကိုကို ငိုမနေနဲ့လေ၊ဘာကိစ္စရှိလို့လဲဆိုတာ မောင့်ကိုပြောပြရမယ်မလား ငိုနေလို့မှ မပြီးသွားဘဲ"
'.....'
"ကိုကို့ကိုဆူတာမဟုတ်ဘူးနော်၊မောင်ကြောင့်ဆို မျက်ရည်ကျမှာတောင် မကြိုက်ဘူး။အဲ့တာကြောင့်
မောင့်က်ို အေးဆေးပြောပြ လိမ္မာတယ်မလား
ဂျွန့်အပိုင်လေးက"'ပညာတော်သင်ရတဲ့ကျောင်းက ကျောင်းသားသစ်တွေကို နည်းပြလုပ်ပေးဖို့ လှမ်းခေါ်တယ်၊အဲဒါကိုကိုမသွားချင်ဘူး ၊ဒါပေမဲ့ စံပြကျောင်းသားမို့ အဓိကဆိုတော့ နှစ်ဖက်ကျောင်း သိက္ခာအတွက် လိုအပ်တယ် မသွားလို့ကမရဘူး၊ဒါပေမဲ့ မောင့်ကို၊ကိုကို မကောင်းတာ အစောထဲက မောင့်ကိုထားခဲ့ပြီး ဒီလမ်းကို မရွေးခဲ့သင့်တာ မောင့်ကို နာကျင်အောင်လုပ်နေတဲ့ ကိုကိုကသေသင့်တဲ့သူပဲ'
YOU ARE READING
You are the Only One ( ✔ )
Fanfiction❇ JinkooK ❇ Fan Fic (Myanmar) By~Yeong_May Start_5.12.21 End _5.2.22