Uni
'မောင့်ကို ဖက်အိပ်လို့ရမလား'
အတိတ်ကိုတွေးနေမိတုန်းမှ ခပ်တိုးတိုးထွက်လာတဲ့ ကိုကို့အသံ။အတိတ်တွေကို သူ့စာအုပ်လေးထဲကနေ ပြန်ဖတ်လို့ရပေမဲ့ မဖတ်ချင်။စာအုပ်ထဲကနေမှ သိရတဲ့ ခံစားချက်တွေနဲ့ ဒီလူသားအပေါ် သူ့စိတ်ရင်းတွေ အချစ်တွေက ပြန်လည်လာလောက်မယ်မထင်။ကြိုးစားပြီးတော့ သူက ကိုကို့ကို ချစ်ခဲ့တဲ့ မောင်ဆိုတဲ့ဂျွန်ဂျောင်ကုအဖြစ် တစ်ဖန်ပြန်ချစ်ပေးနိုင်ဖို့ ကြိုးစားချင်သည်။
အခုလည်း ကြိုးစားတွေးနေမိတုန်းတခြားကုတင် ရှိသားနဲ့ သူ့ဘေးမှာမှအိပ်ဖို့တောင်းဆိုနေတဲ့ ကိုကို့ကြောင့် ဘာအဖြေပြန်ပေးရမှန်းမသိ။
"ကုတင်က ကျဉ်းကျဉ်းလေးလေ ဘယ်လိုလုပ်အိပ်လို့ရမှာလဲ ကျွန်တော် မအိပ်တတ်ဘူး"
မောင့်ဆီက ပြန်ကြားရတဲ့အဖြေက သူ့အတွက်တော့
အဆင်မပြေနေခဲ့ပါ၊မောင်က သူ့အပေါ်အခုထိ
စိတ်က နည်းနည်းလေးတောင် လည်သေးသည့်ပုံမပေါ်။မောင် ကြိုးစားမယ်ဆိုပေမဲ့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စိတ်တွေသာရှိနေတဲ့သူကမောင် ပင်ပန်းမယ်ဆို မကြိုးစားစေချင်တော့၊မောင်ဖြစ်ချင်တာတွေကိုသာ လိုက်ပြီးဖြည့်ဆည်းပေးချင်တော့သည်။'အင်း၊အိပ်ပျော်အောင် အိပ်နော် မောင်။'
"ကိုကို အဆင်ပြေရဲ့လား။ကျွန်တော်"
'မောင် ပင်ပန်းမယ်ဆို မကြိုးစားပါနဲ့တော့လား၊ကိုကို အခုလို အနားကို ပြန်ရောက်လာခဲ့တာက ခက်ခဲစေမယ်ဆို ကိုကို့ကိုပြောပါ၊ထွက်သွားပေးမှာမလို့'
"ကိုကို မဟုတ်တာတွေ မတွေးနဲ့နော်၊ကျွန်တော်က အဲ့လိုမျိုးပြောတာမဟုတ်လို့ ကိုကို မဟုတ်တာတွေ မတွေးပါနဲ့လား။ကျွန်တော်က ကိုကို့ကို ဟန်ဆောင်မှုကင်းတဲ့အရာတွေပဲပေးချင်တာမို့ ကိုကိုနားလည်ပေးပါ၊ကိုကို ကျွန်တော့်ကို တကယ်ချစ်တယ်မလား"
'ဘယ်အချိန်ဖြစ်ဖြစ် ကိုကိုက မောင့်ကို အသက်ထက်ပိုချစ်တယ်ဆိုတာကိုပဲ မောင် ယုံပေးပါ'
"လာပါဦး ကျွန်တော့်ဆီကို။ကျွန်တော်နဲ့ အိပ်ချင်တာမလား"
'မောင်!!'
YOU ARE READING
You are the Only One ( ✔ )
Fanfiction❇ JinkooK ❇ Fan Fic (Myanmar) By~Yeong_May Start_5.12.21 End _5.2.22