Uni
‘မောင် ပစ္စည်းတွေစုံပြီလား သေချာကြည့်နော်’
“စုံပြီ ကိုကို။ရှင်းနေတာပဲ”
‘မောင် ဆံပင်ညှပ်ချင်လား’
“ဘာဖြစ်လို့လဲ ကိုကို”
‘မျက်လုံးဝိုင်းလေးတွေကို အုပ်နေလို့လေ အရင်ကလေ အထက်တန်းတုန်းက ပုံစံလေးမှာ မောင်ကတအားချစ်ဖို့ကောင်းနေတာ’
“အခုက ချစ်ဖို့မကောင်းဘူးပေါ့။ဘာလဲ အထက်တန်း ဂျွန်ဂျောင်ကုကိုကြိုက်တာလား။အချိန်ခရီးသွားလိုက်လေ”
‘ဟုတ်တာပေါ့ သွားလိုက်ရမယ်။ဘယ်လိုသွားရမလဲ’
“သိပ်မပြောချင်ဘူးနော် ကိုကို။”
‘မပြောချင်မပြောနဲ့ပေါ့’
“ကြည့် ခင်ဗျားကလေ တကယ်မလွယ်စိန်”
‘ကိုကို့အတွက် မောင်ကလေ အရင်ကလည်း ဒီတိုင်းပဲ၊အခုလည်းဒီတိုင်းလေးပဲ။’
“အခုကပိုချောလာတယ်မလား”
‘ကိုကို့လောက်တော့ မဟုတ်ပေမဲ့ပေါ့’
သူပြောလိုက်တော့ မောင်က ပါးချိုင့်လေးကို ပေါ်တဲ့အထိပြုံးသည်။မောင် ပြုံးရင် တကယ်ကို လှရက်လွန်းသည်ကို အခုချိန်ထိ ဝန်ခံနေမိဆဲပင်။ဆွန်းဟျောင်းကို သွားတွေ့တော့ နောက်မှအေးဆေးတစ်ရက်လာတွေ့မယ်ဆိုပြီး
အပြင်ထိလိုက်ပို့ပေးသည်။ကားပေါ်ရောက်တော့ မောင်က အိပ်ပြီးသာလိုက်လာသည်။‘မောင် ရောက်ပြီ ဆင်းတော့’
တစ်လမ်းလုံး အိပ်ပြီးလိုက်လာရာကနေ ကိုကို့အသံကြောင့် ကြည့်မိတော့ လမ်းရဲ့ထောင့်ဆုံးကွက် ခြံဝန်းကျယ်လေးထဲ တစ်ထပ်အိမ်ပုလေး။တစ်ထပ်တည်းဆိုပေမဲ့ တော်တော်လေးကျယ်သည့် အပြင် ဝါးရုံလေးတွေကြားထဲမှာရှိနေတာမို့ မျက်စိကိုအေးသွားစေတာပင်။ဘေးနားမှာလည်းခြံဝန်းတွေဆိုင်လေးတွေရှိနေတာမို့ ဆိတ်ငြိမ်နေတဲ့နေရာမျိုးတော့မဟုတ်၊တော်တော်လေးသင့်တင့်တဲ့နေရာမျိုးပင်။
‘မောင် သဘောကျရဲ့လား’
“ကိုကိုဒီအိမ်လေးကို ဘယ်လိုဖြစ်ပြီး”
YOU ARE READING
You are the Only One ( ✔ )
Fanfiction❇ JinkooK ❇ Fan Fic (Myanmar) By~Yeong_May Start_5.12.21 End _5.2.22