Uni
“ကိုကိုရေ ဆိုင်က ဒီနေ့အချောသတ်မှာမလား မောင်သွားကြည့်ဦးမယ်”
‘ကိုကိုလည်းလိုက်မယ်’
“အိမ်မှာပဲနေလေ...အေးဆေးအိပ်နေစားနေပေါ့ မောင်လုပ်တတ်နေတာပဲ”
‘မခေါ်သွားချင်လို့လား’
“မဟုတ်ပါဘူးဗျာ၊လိုက်မယ်ဆိုလည်း
အဝတ်အစားသွားလဲလေ”‘မလဲချင်ဘူး လဲပေး၊ဘာမှမလုပ်ချင်လောက်အောင် ပျင်းနေတယ်’
“အိမ်မှာအိပ်နေဆိုတော့လည်း လိုက်မယ်တဲ့၊တကယ်
လူဆိုးလေးပဲ"‘မြန်မြန်လဲပေး၊ဗီရိုထောင့်ကန့်မှာ ဆွယ်တာအပြာလေးရယ် ဂျင်းဘောင်းဘီရယ်ရှိတယ်’
“ဟုတ်ပါပြီ ခိုင်းစားနေလိုက်တာ”
အဝတ်အစားလဲပေးမယ်ဆိုတော့ အင်္ကျီချွတ်ပေးဖို့ရှိသေး အဝတ်အစားတွေယူပြီးရေချိုးခန်းထဲကိုပြေးသွားတာတန်းနေတာပင်။နိုင်စားချင်တဲ့အပြင် ရှက်လည်း ရှက်တတ်သေးသည်။
အဝတ်အစားလဲပြီးထွက်လာတာနဲ့ လက်ကိုဆွဲပြီး အမြန်သွားဖို့ ပြင်နေပြန်သည်။‘ကော်ဖီဆိုင်ကို ခရမ်းဖျော့လေးပဲသုံးထားတယ်၊မောင်မကြိုက်တာကို ဟိုရောက်ရင် စိတ်ကြိုက်ပြင်နော်’
“ကိုကိုကြိုက်တာက မောင့်အကြိုက်ပါပဲ”
‘ကားကိုသေချာမောင်းနော်...ကိုကိုအိပ်ပြီးပဲလိုက်မှာ’
“ငပျင်းလေး အိမ်မှာနေဆိုတော့လည်းမနေဘူး”
‘မနေချင်ပါဘူး၊ဒီလောက်ငယ်ငယ်ချောချောယောကျ်ားရထားတာကိုစိတ်ချပြီး ဘယ်မှမလွှတ်ချင်ဘူး၊အူတိုစရာတွေဖြစ်လာမယ်’
“ပြောင်းပြန်တွေ ပြောပြန်ပြီ၊မောင့်ကို ဘယ်သူမှမကြိုက်ဘူး ကိုကို့ကိုသာ မောင်က စိတ်ပူရမှာ၊”
‘တော်ပြီ မသိဘူး။အိပ်တော့မယ် ရောက်ရင်နှိုး...ဒါပဲ!!!’
“ကုတ်အင်္ကျီကိုခြုံထားလိုက် နွေးတော့ ပိုအိပ်လို့ကောင်းတယ်”
‘အလိုက်အသိဆုံးပဲ၊အိမ်ပြန်ရောက်မှ ဇက်ကြောဆွဲခိုင်းရမယ်’
YOU ARE READING
You are the Only One ( ✔ )
Fanfiction❇ JinkooK ❇ Fan Fic (Myanmar) By~Yeong_May Start_5.12.21 End _5.2.22