Uni
ဂျောင်ကု တွေးပေးရမဲ့တန်ဖိုးထားရသူကကိုကိုပဲရှိသည်မို့
ကိုကို့ဘက်က သူ့ခံစားချက်တွေကို သိသွားအောင် တစ်ဆင့်ချင်းကြိုးစားသွားမို့ပင်၊အနည်းဆုံးတော့ ပုံမှန်ထက် သာလွန်သွားနိုင်သည်မလား။ကိုကို့ဖုန်းကို ဆက်တိုက်ခေါ်နေပေမဲ့ မကိုင်လာတာကြောင့်Call center လေးကို ခေါ်မိတော့ဖုန်းက တန်းဝင်သွားတာမလို့ အပျော်တစ်ခုက လှိုက်ခနဲ။“ဟယ်လို...ကိုကိုလား”
'အစ်ကိုက ဟန်ဆွန်းဟျောင်းပါ၊ဒါနဲ့ ဆော့ဂျင်ကိုပြောတာလား'
“ဟုတ်တယ် အစ်ကို”
'ဆော့ဂျင်က မရှိဘူး၊အခုလေးတင် အပြင်ထွက်သွားတာ...
'ဟန်ဆွန်း’...ကိစ္စရှိလို့လားဟင်။သူပြန်လာရင်ပြောပေးပါ့မယ်'“မရှိပါဘူး ပြောလည်းပြောမနေပါနဲ့တော့ ဒီတိုင်းပဲဆက်လိုက်တာပါ”
ဟန်ဆွန်းလို့ခေါ်လိုက်တဲ့ကိုကို့အသံကိုသေချာကြားလိုက်မိတာကို
မရှိဘူးလို့ ပြောရတဲ့အကြောင်းအရင်းကို ဂျောင်ကု တကယ်နားမလည်နိုင်။သူနဲ့ဖုန်းမပြောချင်လို့များလားဆိုတဲ့အတွေးပါ ဝင်လာသည်မို့ ပြန်ဆက်ပေးဖို့ စကားကိုလည်းမပြောချင်တော့ ဒီတိုင်းသာဖုန်းချလိုက်မိသည်။...
သိပ်မကြာလိုက် ဝင်လာတဲ့ ဖုန်းက ကိုကို့ဆီကပင်၊မကိုင်ဘဲမနေနိုင်တဲ့စိတ်အစဉ်က လက်ထဲကမြည်နေတဲ့ဖုန်းလေးကို ကိုင်မိသားပင်။
‘ဟယ်လို ဂျောင်ကုလား’
“ကျွန့်တော့်ဖုန်းကိုခေါ်နေတာပဲ ကျွန်တော်ပဲပေါ့”
‘ခုနက ကိုကိုဖုန်းမကိုင်လိုက်မိဘူး’
“ရပါတယ် အပြင်သွားနေတာပဲမလား”
‘ဂျောင်ကု ကိုကို့အသံကြားလိုက်တယ်မလား၊ကိုကိုရည်ရွယ်ပြီး လိမ်တာမဟုတ်ပေမဲ့ တောင်းပန်ပါတယ်၊နေမကောင်းဖြစ်ချင်နေတာနဲ့မို့ အသံကတမျိုးဖြစ်နေလို့ ဆွန်းဟျောင်းက ကိုကို့ကိုယ်စားကိုင်ပေးတာပါ။’
“နေမကောင်းဘူးလား ဘယ်လိုဖြစ်တာလဲ ရာသီဥတုက အေးနေတာကို ဖျားကုန်မှဖြင့်”
YOU ARE READING
You are the Only One ( ✔ )
Fanfiction❇ JinkooK ❇ Fan Fic (Myanmar) By~Yeong_May Start_5.12.21 End _5.2.22