Uni
'ဂျောင်ကု အိမ်မှာမရှိတော့ဘူး ဆော့ဂျင်၊ဆိုင်လည်းပိတ်ထားတယ်,ဖုန်းခေါ်တော့ အကုန်လုံးကိုသိနေပြီးပြီမို့ အားလုံးနဲ့အဝေးဆုံးမှာရှိချင်လို့,ကျွန်တော့်ကိုလိုက်မရှာပါနဲ့တဲ့၊ထပ်ခေါ်တော့ စက်ပိတ်ထားတယ်´
'မဟုတ်ဘူးမလား၊ဒါက အိပ်မက်တွေလို့ပဲပြောပေးစမ်းပါ ဆွန်းဟျောင်း'
နှစ်ရက်ရှိပြီ၊မောင့်ဆီကိုဖုန်းခေါ်မရတာမို့ ဆွန်းဟျောင်းကို အကျိုးအကြောင်းလှမ်းပြောပြတော့ သွားကြည့်ပေးတာ မောင်ကထွက်သွားသည်တဲ့ ဒါဘယ်လိုတောင် မဖြစ်နိုင်တာကြီးလဲ၊မောင်ကအဲ့လိုလုပ််မယ့်သူမှမဟုတ်တာကို။
'မင်းပြန်လာရတော့မှာလား´
'အင်း။နောက်နှစ်ရက်နေရင် ပြန်လာမှာထင်ထားတာထက် ရက်ပိုင်းစောစောပြီးသွားတယ်'
'ဂရုစိုက်၊ငါစိတ်မပူချင်ဘူး။မင်းလည်းဂျောင်ကုလောက်မဟုတ်တောင် ဂျောင်ကုနီးနီးပင်ပန်းခဲ့တာပဲ၊သူလည်းအချိန်တစ်ခုလိုလို့နေမှာပါ သိပ်တွေးမနေနဲ့။မင်းကိုသူဘယ်လောက်ချစ်လဲဆိုတာ မင်းအသိဆုံးပါ´
'ကျေးဇူးပဲ ဆွန်းဟျောင်း၊ဒါပေမဲ့ မောင်ထွက်သွားချင်တယ်ဆို ငါက လက်လျော့ပေးမှာပါ၊အခုတော့ တစ်ယောက်တည်းနေချင်လို့ ဖုန်းချလိုက်တော့မယ်။'
'အင်း ဆော့ဂျင် ဂရုစိုက်ပါ။´
ဆွန်းဟျောင်းဖုန်းချသွားတော့ ထိန်းထားတဲ့မျက်ရည်တွေက မရတော့၊လွန်ခဲ့တဲ့ရက်တွေထဲကစိတ်ထင့်နေပေမယ့်
မောင် စိတ်ရှုပ်မှာစိုးလို့ ထုတ်မပြောခဲ့၊အခုလောက်ထိမြန်မြန်ဆန်ဆန်ကြီး သူမရှိတဲ့အချိန်မှာ မှတ်မိသွားမယ်မထင်ခဲ့တာလည်းပါသည်၊သူ့ကိုထားသွားတာ မထားသွားတာထက် စိတ်ကြောင့် မောင် တစ်ခုခုဖြစ်နေမှာကို ပူတာပင်။'အကုန်လုံးက ကိုယ့်အတွက်ကို မတွေးခဲ့တဲ့ ကိုကို့အပြစ်တွေပဲထင်တယ်'
_-_
ကမ်းခြေကပြန်ရောက်တော့ ကျောင်းအုပ်ကြီးက ရောက်နေပြီး အဖေနဲ့ ပညာတော်သင်ကိစ္စကိုပြောနေတာကြောင့် သွားရတော့မယ်ဆိုတာသိသည်။အဖေသိသွားရင်
ဒါကိုသူငြင်းဆန်လို့မရနိုင်တာသေချာသည်။
YOU ARE READING
You are the Only One ( ✔ )
Fanfictie❇ JinkooK ❇ Fan Fic (Myanmar) By~Yeong_May Start_5.12.21 End _5.2.22