Uni
"ကိုကိုရေ မောင် ကော်ဖီဆိုင်သွားဦးမယ်၊ခဏနေ ထတော့နော် အောက်မှာ မနက်စာပြင်ပေးထားတယ်၊အစာမလွန်စေနဲ့ဦး နေ့လည်စာအတွက်က မောင် မှာပေးထားတယ် လာပို့လိမ့်မယ်၊နောက်ပြီးရေချိုးရင် မကြာစေနဲ့ဦး မောင်က တစ်နေကုန်ရှိမှာမဟုတ်ဘူး ဂရုစိုက်နေကြားလား"
'ကြားတယ်...ကြားတယ်၊ကလေးအဖေကြီးလား ကိုကိုက ကလေးပိစိလေးကျနေရော မှာနေတာ'
"ကိုကို့အကြောင်း မောင်အသိဆုံးပါ၊ အခုထတော့နော် အပြင်ထွက်မယ်ဆို မောင့်အင်္ကျီအထပ်မှာ ၀မ်းဆက်ထုတ်ပေးထားတယ်"
'Fly kiss ပေးမှာမို့လှမ်းဖမ်းလိုက်'
"ဖမ်းပြီး ရင်ဘတ်ထဲထည့်သိမ်းလိုက်ပြီ"
'ကလေးကလားတွေ'
"အဲ့တာကို ဘယ်သူကလုပ်တာလဲ"
'ကင်မ်ဆော့ဂျင်လုပ်တာ'
"အမျိုးမျိုးနော် သွားတော့မယ်၊အခုထတော့နော်"
'ရက်စ် ဘရို'
အခုရက်ပိုင်း ဘာစိတ်ကူးပေါက်လဲမသိ တစ်ခုခုဆို သူပြောလိုက်တာနဲ့ ဘရိုချည်းလှိမ့်ပတ်ခေါ်နေတာ မောင်ဆိုတာ ကြားရခဲတဲ့အခေါ်တောင်ဖြစ်နေပြီ။
"ဘရိုလို့ ထပ်ပြောရင် မဘရိုနိုင်ဘဲ မောင်ရယ် တော်တော့လို့ ပြောအောင်လုပ်ပစ်မှာနော်"
'စောစောစီးစီးကို ဘာတွေလာပြောနေတာလဲ သွားတော့သွား၊ကားကို ဂရုစိုက်မောင်းပြီးသေချာသွား'
အခုကျ ချက်ချင်း အပြင်ထိကို တွန်းထုတ်နေပြန်တဲ့ကိုကိုကြောင့် ဖိနပ်နှစ်ဖက်ပါ အမြန်ကောက်ပြီးထွက်ရပြန်သည်။
"တကယ် မလွယ်စိန်လေး"
_-_
မောင်ထွက်သွားတော့မှ ထမင်း၀ိုင်းပေါ် အဆင်သင့်ရှိနေတဲ့ မနက်စာလေးကိုကြည့်ပြီးပြုံးနေမိသား၊သူနဲ့အတူတူ နေနေတဲ့အချိန်အတွင်း မောင့်အခြေအနေက ပုံမှန်မဟုတ်သေးပေမဲ့ သူ့အတွက်အများကြီးစိတ်ကိုထိန်းနေသည်မှာ သိသာသည်။
တစ်ခါတစ်လေ အတိတ်ဆိုးတွေကြောင့် စိတ်အခြေအနေမဟန်တော့တိုင်း သူနဲ့အဝေးမှာသွားပြီးတစ်ယောက်တည်းကြိတ်ခံစားနေတဲ့ မောင့်ကိုမြင်တိုင်း အပြစ်မကင်းခဲ့တာမို့
မောင့်လောက်မနာကျင်ရပေမဲ့ မောင့်နီးနီးနာကျင်ရသည်လေ။
YOU ARE READING
You are the Only One ( ✔ )
Fanfiction❇ JinkooK ❇ Fan Fic (Myanmar) By~Yeong_May Start_5.12.21 End _5.2.22