4

1.7K 63 0
                                    

🔥 My boyfriend is so hot🔥

Ch - 4

1.

ကိုး၏

" အညို .... အညိုထတော့ "

ဟူသော အသံကြောင့် နေရိပ် အိပ်ပျော်နေရာမှ နိုးလာသည် ။ မည်မျှကြာအောင် အိပ်ပျော်သွားမိသည်မသိ ။ ပတ်ဝန်းကျင်တွင် မှောင်ရိပ်ပင်သန်းပြီး လမ်းမီးများပင်လင်းနေပြီဖြစ်သည် ။ ထို့ကြောင့် လူးလဲထလိုက်ပြီး ကိုးကို

" ဆောရီး ....အကြာကြီးအိပ်ပျော်သွားမိတယ် ..... ညောင်းသွားပြီလား "

ဟု မေးလိုက်သည် ။ ကိုးက ပြုံး၍

" မညောင်းပါဘူး .....မင်းကိုစောင့်ရင်း ဂိမ်းဆော့နေတာ .... အချိန်ကုန်လို့ကုန်မှန်းတောင်မသိဘူး "

ဟု ပြောသော်လည်း ကိုးအကြောင်းကို မိမိအသိဆုံးဖြစ်သောကြောင့် မိမိခေါင်းအုံးအိပ်ထားသည့် ပေါင်တစ်ဖက်ကို လက်ဖြင့်ဖွဖွနှိပ်ပေးလိုက်သည် ။ ကိုးကရယ်၍

" တော်ပြီ .... မင်းယောက်ျားကို ပြုစုယုယပေးချင်ရင် အိမ်ရောက်မှပြုစုတော့ ..... အခုတော့ ငါဗိုက်ဆာနေပြီ .... ပြန်မယ် "

ဟု ပြောကာ မတ်တပ်ထရပ်သဖြင့် ကိုးနှင့်အတူထရပ်လိုက်ရသည် ။ ကိုးက ဤစကားကိုတိုးတိုးပြောလိုက်ခြင်းဖြစ်သော်လည်း အနားတွင်ရှိသောလူများက အကြားအာရုံကောင်းဟန်တူသည် ။ ထော့နဲ့ထော့နဲ့ဖြင့် အရှေ့မှလျှောက်သွားသောကိုးအား ပြုံးစိစိဖြင့် ကွက်ကြည့်ကွက်ကြည့်လုပ်နေကြသည် ။ ထို့ကြောင့် ပြုံးစိစိလုပ်နေသောလူများကို တမင်တကာမျက်စောင်းထိုး၍ ကိုးအနောက်သို့ ပြေးလိုက်သွားလိုက်သည် ။

2.

အညိုနှင့်ကိုးက မိဘချင်းရင်းနှီးကြသောကြောင့်သာ သူငယ်ချင်းဖြစ်လာကြသော်လည်း အကြိုက်ချင်းတစ်စက်မှမတူ ။ ယခုလည်း အိမ်အထိထမင်းစားလိုက်လာသောအညိုက စားဖိုမှုးစီမံပေးထားသည့် အမဲမွှကြော်ကို မစားချင်၍ဂျီကျနေသည် ။ ထို့ကြောင့် ဖုန်းကိုထုတ်လိုက်ပြီး

" ကဲ ရစ်မနေနဲ့ .... ဘာစားမှာလဲပြော ..... ငါ Grab က မှာပေးမယ် "

ဟု ပြောလိုက်သည် ။ ဤစကားကို အညိုက ရယ်ကျဲကျဲဖြင့်

🔥 My boyfriend is so hot 🔥(21)Where stories live. Discover now