12

1K 40 0
                                    

🔥 My boyfriend is so hot 🔥

Ch - 12

1.

စောစောပိုင်းက ငိုနေသောလူက ယခုသူမဟုတ်တော့သလို ခုံတွင်ပြန်ထိုင်နေသဖြင့် နေရိပ် မျက်မှောင်ကြုံ့၍ကြည့်လိုက်ပြီး

" အခုကရော ဘာဖြစ်ပြန်ပြီလဲ "

ဟု မေးလိုက်သည် ။ ထိုအခါမှ

" ငါမင်းနဲ့တိုင်ပင်စရာရှိတယ် အညို "

ဟု တိုးတိုးပြောလာသည် ။ ထို့ကြောင့် ခေါင်းညိတ်လိုက်ပြီး

" အွန်း "

ဟု ပြောလိုက်သည် ။

" ဖေဖေ့နှစ်ပတ်လည်နေ့ရောက်ရင် ငါဘုန်းကြီးကျောင်းဆွမ်းချိုင့်ပို့ရင်ကောင်မလားလို့ စဥ်းစားနေတာ "

ဟူသော စကားကို ကိုးက စဥ်းစဥ်းစားစားပြောလာသဖြင့် ပြုံးလိုက်ပြီး

" တယ်ဟုတ်ပါလား .... လုပ်လေ .... မင်းလုပ်မယ်ဆိုရင် ငါကကူညီဖို့အသင့်ပဲ "

ဟု ပြောလိုက်သည် ။ ဤစကားကြောင့် ကိုး၏မျက်နှာပေါ်တွင် အပြုံးတစ်ခုက ခပ်ရေးရေးလေးပေါ်လာသည် ။

သို့သော် ....
အပြုံးတစ်ခု စွန့်ကြဲရန်ပင် ကပ်စေးနည်းသူက မျက်နှာကို ချက်ချင်းပြန်တည်လိုက်ကာ

" မင်းငါ့ကိုနှောက်မှာဆိုပြန်တော့ ခွေးကောင် "

ဟု ရန်ကျယ်သည် ။ ထို့ကြောင့် ကိုး၏ဆံပင်များကို လက်ဖြင့်ဆွဲဖွပစ်လိုက်ပြီး

" အေးပါ .... ငါ့ကလေးလေးကိုမစတော့ဘူး ဟုတ်ပြီလား "

ဟု ပြောလိုက်သည် ။

2.

မိမိအား ကလေးကဲ့သို့သဘောထားကာ အနောက်မှတကောက်ကောက်လိုက်နေသော အညို့ကိုကြည့်၍ ကိုး စိတ်မရှည်တော့ ။ ထို့ကြောင့် လက်ထဲတွင်ကိုင်ထားသောစာရွက်ကို စားပွဲပေါ်ပစ်တင်လိုက်ပြီး

" အညို .... မနက်ကမင်းပို့ထားတာတွေ ပရင့်ထုတ်ထားပြီးပြီ ...ငါ့အခန်းက စားပွဲပေါ်မှာ .... ပြန်ရင်ယူသွားလိုက်အုံး "

ဟု ပြောလိုက်သည် ။ ဤစကားအဆုံးတွင် အညိုက အနားသို့ လျှောက်လာပြီး

🔥 My boyfriend is so hot 🔥(21)Donde viven las historias. Descúbrelo ahora