🔥 My boyfriend is so hot 🔥
Ch - 27
1.
" အစ်ကိုလေး .... မနေ့ညကတစ်ညလုံးလည်းမအိပ်ဘူး .... အခုလည်းအနားမယူဘူးဆိုရင် အစ်ကိုလေးပါလဲသွားလိမ့်မယ် "
ဟူသော စကားကို ကိုစိုးမိုးက တစ်ညလုံးမအိပ်ပဲ ကိုးအနားတွင် ငုတ်တုတ်ထိုင်နေသော နေရိပ်အားကြည့်၍ ဤစကားကိုပြောလာသည် ။ ထို့ကြောင့် ကိုစိုးမိုးကိုမော့ကြည့်လိုက်ပြီး
" ကိုးအခုလိုဖြစ်နေတာကို ကျွန်တော်လက်ခံဖို့လိုတယ် ကိုစိုးမိုး .... အဲ့ဒါကြောင့် ကျွန်တော့်ကိုအချိန်နည်းနည်းလောက်ပေးပါ "
ဟု ပြောလိုက်သည် ။ဤစကားအဆုံးတွင် ကိုစိုးမိုးက ခေါင်းညိတ်၍
" အဲ့ဒါဆိုရင်လည်း တစ်ခုခုတော့စားပါ အစ်ကိုလေး ... ကျွန်တော်ပို့ခိုင်းလိုက်ပါမယ် "
ဟု ပြောသည် ။ ပြောပြီးသည်နှင့် အခန်းထဲမှထွက်သွားသဖြင့် ကိုး၏လက်ကို ဆုပ်ကိုင်လိုက်ပြီး လွတ်နေသောနေရာတွင် ခေါင်းမှောက်ချလိုက်သည် ။
" မင်းမရှိရင် အရာရာကငါ့အတွက်အဓိပ္ပာယ်မရှိဘူးဆိုတာ အခုသိပြီလား ကိုးငယ် "
2.
မျက်လုံးဖွင့်လိုက်သည်နှင့် ခေါင်းကိုက်ခြင်းကို ဦးစွာခံစားရသဖြင့် နေရိပ်
" ကျစ် "
ဟု ညည်းကာ ထထိုင်လိုက်သည် ။ ထိုအခါမှ မိမိရောက်နေသောနေရာသည် မိမိအိမ်မှ မိမိအခန်းဖြစ်ကြောင်း သတိထားမိသည် ။
သို့သော် ...
မည်သို့မည်ပုံ အိမ်ပြန်ရောက်နေကြောင်းမမှတ်မိ ။ ကိုးအနားတွင်နေရင်း မှေးကနဲအိပ်ပျော်သွားသည်ကိုသာ သတိရသည် ။ ထို့ကြောင့် အခြေအနေကိုလေ့လာရန် ကုတင်ပေါ်မှဆင်း၍ အခန်းအပြင်သို့ထွက်လာခဲ့လိုက်သည် ။အပြင်သို့ရောက်သည်နှင့် ကေသီ့အားတွေ့ရသောကြောင့်
" ကိတ် "
ဟု ခေါ်လိုက်သည် ။ ကေသီက မိမိထက်အရင်
" သြော် သား .... ကေသီတောင်အခုပဲလာနှိုးတော့မလို့ "
ဟု ပြောသဖြင့် ခေါင်းညိတ်လိုက်ပြီး
" ဟုတ် .... ဘာဖြစ်လို့လဲ ကိတ် "
ŞİMDİ OKUDUĞUN
🔥 My boyfriend is so hot 🔥(21)
RomantizmPlz read " MUST RERD " before you start reading.