38

2.1K 33 0
                                    

🔥 My boyfriend is so hot 🔥

Ch - 38

Final part

1.

အစိမ်းရောင်မြက်ခင်းပြင်ကို မမြင်ရလောက်အောင်အထိ အဖြူရောင်နှင်းများနှင့်အတူ အဖြူရောင်ဒေစီပန်းတို့က ခန့်ညားလှပနေသည် ။ ထိုအလှအပတို့နှင့်အပြိုင် မင်္ဂလာစင်မြင့်တစ်ခုက မြက်ခင်းပြင်အလယ်တွင် ခမ်းနားစွာတည်ရှိနေသည် ။ မများလွန်း ၊ မနည်းလွန်းသော ဧည့်ပရိတ်သတ်တို့က စီမံထားသော နေရာထိုင်ခင်းများတွင်ထိုင်ကာ စကားစမြည်ပြောရင်း မင်္ဂလာစင်မြင့်၏ဘေးတွင် သီးသန့်ပြင်ဆင်ထားပေးသောနေရာ၌ သီဆိုဖျော်ဖြေနေကြသော အနုပညာရှင်များကို ကြည့်ရှုနေကြသည် ။ မိနစ်အနည်းငယ်ကြာသောအခါ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ဘိသိက်ဆရာက မင်္ဂလာစင်မြင့်ပေါ်သို့တက်လာသည် ။ ဘိသိက်ဆရာကို မြင်သည်နှင့် ဆူညံနေသော ဧည့်ပရိတ်သတ်က ချက်ချင်းတိတ်ဆိတ်သွားကြသည် ။

2.

ကိုး ဘိသိက်ဆရာ၏နံဘေးတွင်ရပ်ရင်း အနီရောင်ကော်ဇောခင်းထားသည့်လမ်းဘက်သို့ ရင်တဖိုဖိုဖြင့် ကြည့်နေမိသည် ။ မိနစ်ပိုင်းအတွင်း အညိုနှင့်မိမိ လက်ထပ်ကာ အကြင်လင်မယားအရာရောက်တော့မည်ဖြစ်သည် ။ လက်မထပ်ခင်ကတည်းက အညိုနှင့်အတူတူနေခဲ့ခြင်းဖြစ်သောကြောင့် လက်ထပ်ပြီးနောက်ပိုင်းလည်း အညိုနှင့်မိမိ၏ ဆက်ဆံရေးသည် အထွေအထူးပြောင်းလဲသွားမည်မဟုတ် ။ ပြောင်းလဲသွားမည်က လက်ထပ်ပြီးသည်နှင့် အညိုက မိမိပိုင်ဆိုင်သောလူသားဖြစ်လာတော့မည်ဖြစ်သည် ။ ထို့ကြောင့် ကျေနပ်စွာပြုံးလိုက်ပြီး အညိုထွက်လာမည့်လမ်းကို စောင့်ကြည့်နေမိသည် ။ ထိုသို့ကြည့်နေစဉ်မှာပင် အဖြူရောင်အနောက်တိုင်းဝတ်စုံနှင့် ခန့်ညားနေသောအညိုက ဖခင်ဖြစ်သူနှင့်အတူ လျှောက်လမ်းပေါ်သို့တက်လာသဖြင့် သဘောကျစွာ ပြုံးလိုက်သည် ။

3.

နေရိပ် ကိုးအားလက်ထပ်ခွင့်တောင်းခဲ့သော်လည်း ကိုးလက်ခံလိမ့်မည်ဟုထင်မထားသလို ၊ ကိုးနှင့်လက်ထပ်ရလိမ့်မည်ဟုလည်း ထင်မထားခဲ့ ။ ထို့ကြောင့် ယခုကိုးနှင့်မိမိ၏လက်ထပ်ပွဲသည် အိပ်မက်,မက်နေခြင်းဖြစ်သည်ဟု ထင်နေမိသဖြင့် ခန်းမထဲမှထွက်လာပြီး မင်္ဂလာစင့်မြင့်ပေါ်ရောက်သည်အထိ ခန္ဓာကိုယ်တစ်ခုလုံး လေပေါ်တွင်လွင့်နေသကဲ့သို့ ခံစားရသည် ။ ကိုး၏နွေးထွေးလက်က မိမိလက်ကိုဆုပ်ကိုင်လာပြီး လက်ထပ်လက်စွပ်က လက်သန်းကြွယ်တွင်နေရာယူလာသောအခါမှ ကိုး၏မျက်နှာကို ယောင်နနဖြင့်ငေးကြည့်မိသည် ။ ကိုးက ချိုမြိန်စွာပြုံးပြလာသောကြောင့် ပြန်ပြုံးပြလိုက်ပြီး ဘိသိက်ဆရာအားကြည့်လိုက်သည် ။

4.

အညိုတစ်ယောက် စိတ်လှုပ်ရှားကာ လက်တွင်ချွေးစေးများရွှဲနစ်နေသဖြင့် ကိုး အညို့လက်ကို ဖွဖွဆုပ်ကိုင်လိုက်သည် ။ ထိုစဉ်မှာပင် ဘိသိက်ဆရာက

" မင်္ဂလာမောင်နှံနှစ်ဦး တစ်ဦးနဲ့တစ်ဦး ပွေ့ဖက်ထိတွေ့လို့ရပါပြီ "

ဟု ပြောသဖြင့် အညို့လက်ကိုအားနှင့်ဆွဲကာ အညို့ခန္ဓာကိုယ်ကို မိမိနှင့်မျက်နှာချင်းဆိုင်ဖြစ်အောင် ဆွဲလှည့်လိုက်သည် ။ ပြီးမှ အညို့နှုတ်ခမ်းများကို နူးညံ့စွာနမ်းရှိုက်လိုက်သည် ။

" ချစ်တယ် အညို "

- ပြီးပါပြီ -

# IX

#ချစ်ခြင်းခြုံ၍နွေးထွေးကြပါစေ

🔥 My boyfriend is so hot 🔥(21)Où les histoires vivent. Découvrez maintenant