🔥 My boyfriend is so hot 🔥
Ch - 24
1.
ကိုးက အိပ်နေပြီဖြစ်သော်လည်း နေရိပ်ကမူ မအိပ်နိုင်သေး ။ ကိုးတစ်ယောက် နောက်ထပ်တစ်ကြိမ် ယခုကဲ့သို့ အချိန်အကြာကြီးအိပ်ပျော်သွားလျှင် ဟု တွေးကာ အိပ်မပျော်နိုင် ။ ကိုးက စိတ်မပူရန်ပြောသော်လည်း ဟန်ဆောင်ကောင်းလွန်းသောကိုး၏အကြောင်းကို ကောင်းကောင်းသိနေသောလူအနေနှင့် စိတ်မပူပဲနေရန် နည်းလမ်းမရှိ ။ ထို့ကြောင့် မိမိခါးကိုဖက်၍ ရင်ခွင်ထဲတွင် မျက်နှာအပ်ကာအိပ်နေသော ကိုး၏ဆံပင်ပွပွများကို ငုံ့နမ်းလိုက်ပြီး
" မင်းကိုငါက ငါ့တစ်ဘဝလုံးစောင့်ရှောက်ပေးမယ် ကိုးငယ် "
ဟု တိုးတိုးပြောလိုက်သည် ။ ဤစကားအဆုံးတွင် ကိုးက အင်းအဲနှင့် လူးလွန့်လှုပ်ရှားလာသည် ။ ထို့နောက် မျက်လုံးကို လက်ဖြင့်ပွတ်၍
" အညို "
ဟု တိုးတိုးခေါ်သည် ။
" ငါဒီမှာရှိတယ် "
ဟူသော စကားအဆုံးတွင်
" မင်းမအိပ်ပဲနဲ့ဘာလုပ်နေတာလဲ ... မနက်နှစ်နာရီထိုးနေပြီ "
ဟု ပြောသည် ။ ထို့ကြောင့်
" အွန်း .... အိပ်မပျော်လို့ "
ဟု အဖြေပြန်ပေးလိုက်သည် ။
" ငါ့ကြောင့်လား "
ဟု ထပ်မေးလာသော ကိုး၏မေးခွန်းကိုမူ ပြန်မဖြေပဲ မကြားဟန်ဆောင်နေလိုက်သည် ။
2.
အညိုတစ်ယောက် မိမိကိုစိတ်ပူကာ အိပ်ပင်မပျော်နိုင်ဖြစ်နေသောကြောင့် ကိုး စိတ်မကောင်းဖြစ်ရသည် ။ ထို့ကြောင့် အိပ်ချင်ယောင်ဆောင်နေသော အညို့နှုတ်ခမ်းကို ဖွဖွနမ်းလိုက်ပြီး
" ငါ့မှာ မင်းထက်အရင် ဒီလောကကြီးကနေထွက်သွားဖို့အစီအစဉ်မရှိဘူး အညို .... အဲ့ဒါကြောင့် ငါ့ကိုစိတ်ပူမနေနဲ့ "
ဟု တိုးတိုးပြောလိုက်သည် ။ ပြီးမှ အညို့လက်တစ်ဖက်ကိုဆုပ်ကိုင်၍ ထိုလက်ကို ရင်ခွင်ထဲတွင်ထည့်ထားလိုက်သည် ။
" ချစ်တယ် အညို "
" မင်းခံစားကြည့်လို့ရတာထက် အများကြီးပိုပြီးတော့ချစ်တယ် "
ESTÁS LEYENDO
🔥 My boyfriend is so hot 🔥(21)
RomancePlz read " MUST RERD " before you start reading.