🔥 My boyfriend is so hot 🔥
Ch - 25 ❗️
1.
နေရိပ် မိမိအားအတင်းနမ်းနေသော ကိုး၏အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်ပြီး ကိုး သတိလွတ်သွားသောအခါမှ ဗိုက်နေရာကို နာအောင်လက်သီးနှင့်တမင်ထိုးလိုက်သည် ။ ပြီးမှ
" ငါ့ကိုအကြပ်လာမကိုင်နဲ့ ကိုး "
ဟု ပြောလိုက်သည် ။
သို့သော် ....
ကိုးကပြန်မတုံ့ပြန် ။ အထိုးခံလိုက်ရသောဗိုက်နေရာကို လက်ဖြင့်ဖိ၍ ရှုံ့မဲ့နေသည် ။တမင်နာအောင်ထိုးလိုက်ခြင်းဖြစ်သော်လည်း ကိုးယခုလိုပုံစံဖြစ်သွားအောင်အထိ အားမပါကြောင်းသိသည် ။ ထို့ကြောင့် စိတ်ပူသွားပြီး
" ကိုး "
ဟု ခေါ်လိုက်သည် ။ ထို့နောက်
" ဘာဖြစ်တာလဲ .... ငါ့ကိုပြစမ်း "
ဟု ပြောကာ ကိုးအနားသို့လျှောက်သွားလိုက်သည် ။ ကိုးက
"ဟမ် ... ဘာ ဘာမှမဖြစ်ဘူး "
ဟု ပြောကာ အနောက်သို့ ခြေတစ်လှမ်းစီဆုတ်သွားသောကြောင့် ကိုးတစ်ခုခုဖြစ်နေသည်ဟု ထင်နေသည့် သံသယက ပို၍ရှင်းလင်းလာသည် ။ ဤအတိုင်းရိုးရိုးမေးလျှင် အဖြေရမည်မဟုတ်သောကြောင့် မျက်မှောင်ကြုံ့လိုက်ပြီး
" ကောင်းကောင်းပြောတုန်း ဘာဖြစ်လဲဆိုတာငါ့ကိုပြော ကိုး "
ဟု ပြောလိုက်သည် ။
2.
အညိုက ဗိုက်မှဒဏ်ရာကိုကြည့်ပြီး
" ကိုး "
ဟု ခေါ်လာသဖြင့် ကိုး အင်္ကျီကို ပြန်ဆွဲချလိုက်ကာ
" ငါဘာမှမဖြစ်ဘူး အညို "
ဟူ၍ ပြောလိုက်သည် ။
သို့သော် ...
အညိုက အရေးမလုပ် ။" မနေ့ကအထိ မင်းမှာဒီဒဏ်ရာမရှိပါဘူး .... ဘယ်ကနေဘယ်လိုရလာတာလဲ "
ဟု မေးသည် ။ တစ်ဆက်ထဲမှာပင်
" ငါ့ကိုနည်းနည်းလောက်ပဲဖြစ်ဖြစ် ပွင့်လင်းစမ်းပါ "
ဟု ပြောသည် ။ ထို့ကြောင့် သက်ပြင်းချလိုက်ပြီး
" ပြန်ရအောင် ... ပြန်ရင်းနဲ့ပြောပြမယ် ... ဒီမှာမင်းအန္တရာယ်များတယ် "
VOUS LISEZ
🔥 My boyfriend is so hot 🔥(21)
Roman d'amourPlz read " MUST RERD " before you start reading.