19.

374 2 0
                                    

🔥 My boyfriend is so hot 🔥

Ch - 19

1.

ကိုးနှင့်နေရိပ် မှတ်မိသော ငယ်ငယ်က အကြောင်းများကို ယခုမှအကြောင်းတိုက်ဆိုင်၍ ပြန်ပြောကာရယ်နေစဉ် ကိုးက

" ဆောရီး အညို "

ဟု ပြောသဖြင့် ကိုးကိုမျက်မှောင်ကြုံ့၍ကြည့်လိုက်သည် ။ ထို့အတူ ကိုးကလည်း မိမိကိုပြန်ကြည့်၍

" ဆောရီး ..... ငါပြောတာ "

" ငါ့ကြောင့်မင်းဒီလိုတွေကြုံရတာမဟုတ်လား "

ဟု ပြောသည် ။ ထို့ကြောင့် အော်ရယ်လိုက်ပြီး

" အမှန်တော့ .... အဲ့ဒီလိုကြုံလိုက်ရတော့ တစ်မျိုးကောင်းသွားတယ်ကွ "

ဟု ပြောလိုက်သည် ။ ကိုး၏ပုံစံက မေးခွန်းထုတ်ရန်စဉ်းစားနေသည့်ပုံဖြစ်နေသောကြောင့်

" မဟုတ်ဘူးလား ..... အဲ့ဒီလိုကြုံလိုက်ရလို့ မင်းနဲ့ငါပိုနီးစပ်သွားတယ်လေ "

ဟု ပြောလိုက်သည် ။ ဆက်၍

" အဲ့ဒီလိုမဖြစ်ခဲ့ဘူးဆိုရင် ငါဂျက်စမင်နဲ့ဆက် Date နေပြီး မင်းကိုအခုထိပစ်ထားမှာပဲ "

ဟု ပြောလိုက်သည် ။ ကိုးက ဤစကားကို

" အင်း .... ငါရောပဲ "

ဟု ခပ်တိုးတိုးတုံ့ပြန်သဖြင့် ပြုံး၍ ကိုး၏လက်ကိုဆုပ်ကိုင်လိုက်သည် ။ ပြီးမှ

" ငါကဒီမှာမင်းအတွက်ရှိနေပေးမှာမို့လို့ ငါ့အပေါ်မှာရှိနေတဲ့ မင်းရဲ့ခံစားချက်တွေကို လွတ်မြောက်ခွင့်ပေးလိုက် "

ဟု နားအနားသို့ကပ်ကာ တီးတိုးပြောလိုက်သည် ။ ထို့နောက် ထိုနားရွက်ကို ဖွဖွနမ်းလိုက်သည် ။

2.

မမျှော်လင့်ထားသည်များကို စိတ်ထင်လျှင်ထင်သလို ထလုပ်တတ်သောအညို့ကြောင့် ကိုး တစ်ကိုယ်လုံးထူပူလာသည် ။ ထို့ကြောင့် ဘေးတစ်ဖက်သို့ ရွှေ့ထိုင်လိုက်ပြီး

" မင်းအဲ့ဒီလိုစိတ်ထင်တိုင်းပေါက်ကရလုပ်မယ်ဆို ငါမင်းနဲ့မနေဘူး အညို "

ဟု ပြောလိုက်သည် ။ ဤစကားအဆုံးတွင် အညိုကရယ်၍

" ကြောက်ရပါရဲ့ဗျာ "

🔥 My boyfriend is so hot 🔥(21)Donde viven las historias. Descúbrelo ahora