အပိုင်း - (၉)/Uni

471 37 0
                                    

"ပါပါး... ပါပါး..."

"အားယိုး... ဘယ်သူတွေလာလဲ ကြည့်ပါဦး... ပါပါးရဲ့ ရွှေဥလေးတွေပါလား..."

လီက မိတ်ဖက်နိုင်ငံများက ပေးပို့လာသော လက်ဆောင်ပဏ္ဍာများအား ကြည့်ရှု့စစ်ဆေးနေစဥ် သုံးနှစ်အရွယ် သားဖြစ်သူ ပိုအိမ်ရှေ့စံနှင့် နှစ်နှစ်အရွယ် သမီးဖြစ်သူ ယွီမင်းသမီးလေးတို့က ဖခင်ရှိရာသို့ အပြေးအလွှား အခစားဝင်လာလေသည်။

"ဖခမည်းတော်ကို အခစားဝင်ပါတယ်..."

"ဖခမည်းတော်ကို အခစားဝင်ပါတယ်..."

ပိုလေးက လီရဲ့ ပေါင်ပေါ်ကို အတင်းတွယ်တက်လာတာကို မြင်တော့ ယွီလေးကလည်း အားကျမခံ သူ့ခမည်းတော်ရဲ့ အခြားပေါင်ပေါ်မှာ တက်ထိုင်ကာ သားအဖသုံးယောက် တီတီတာတာ ပြောနေလေသည်။

"ပါပါး... သားတော်နဲ့ မာမားတို့ ဥယျာဥ်တော်က ချိုဝင်းနေတဲ့ လိမ္မော်သီးတွေ အများကြီးခူးခဲ့တယ်... နေ့လည်ကျရင် အချိုတည်းဖို့ သားတော်တို့ နန်းဆောင်ကို လာခဲ့ရမယ်နော်..."

အဲ့ဒီအချိန်မှာ ယွီလေးကလည်း သူ့ခမည်းတော်က သူ့အစ်ကိုတော်ကိုပဲ အာရုံစိုက်နေလို့ စိတ်ကောက်စပြုလာသည်။

"ပါပါး... ပါပါးက ယွီလေးကို ပန်ချီဆွဲသင်ပေးမယ်လို့ ပြေယထားတယ်လေ... မရဘူး ပါပါး ကတိတည်ပါ..."

စစ်သူကြီးရှန်ကလည်း စစ်ရေးဆွေးနွေးရန် ဟူသော အကြောင်းပြချက်ဖြင့် မင်းကြီးရှိရာ အဆောင်သို့ အူယားဖားယား အခစားဝင်ချိန်နဲ့ တန်းတိုးတာမို့ မင်းကြီးပေါင်ပေါ်၌ ရဲတင်းစွာ တက်ထိုင်နေသော ကလေးငယ်နှစ်ယောက်ကို မျက်နှာပုပ်ကြီးနှင့် အူတိုစွာ ကြည့်နေရုံမှအပါး အခြားမတတ်နိုင်ပါ။

စစ်သူကြီး အူတိုနေသည်ကို အခြားသူများကတော့ သတိထားမိ၊ မထားမိ မသေချာပေမဲ့ မင်းကြီးကတော့ ကြည့်ရုံနဲ့ သိနိုင်ပါတယ်။

သို့သော် သားတော်၊ သမီးတော်တို့ရဲ့ မိခင်ဖြစ်သူ မိဖုရားများကို ဘာသိဘာသာ ဆက်ဆံ၍ မကောင်းတတ်ပေဘူး မဟုတ်ပါလား။

"ရေမြေ့သခင် အရှင်မင်းကြီးကို ဟောဒီက ကွေ့မိဖုရားမှ ဂါရဝပြုပါတယ်"

The Emperor's Secret Lover(mm oc)Место, где живут истории. Откройте их для себя