အပိုင်း - ၃/Uni

1K 75 9
                                    

မြနတ်ဘုရားသည် ဆဠမကောင်းကင်ဘုံရှိ သူ၏မြအတိပြီးသော နန်းတော်ရာတွင် ကျောက်မျက်ရတနာကိုးပါး စီခြယ်အပ်သော ဒေါင်းသလွန်တော်ပေါ်၌ လဲလျောင်းကာ သူ၏ဖျော့ဖယောင်းကဲ့သို့ ပျော့ပျောင်းသော လက်ထဲတွင် ရွှေသားအတိပြီးသော ဝိုင်ခွက်ကို ကိုင်ကာ စံမြန်းလျက်ရှိနေပေသည်။

" နတ်စစ်သူကြီးဇိန် ဆိုက်ရောက်လာပါပြီ အရှင်မင်းကြီးဘုရား..."

"အေး အေး... သူ့ကို အထဲလွှတ်လိုက်..."

နတ်အစေအပါးတို့က နတ်မင်းကြီး၏ အမိန့်ကို ရပြီးနောက် နတ်စစ်သူကြီး ကို သွားရောက် ကြိုဆိုကြသည်။

နတ်စစ်သူကြီးမှာ စစ်နတ်ဘုရားတစ်ပါးဖြစ်ပြီး မြနတ်မင်းကြီးအား ခစားရသော နတ်မင်းတစ်ပါးဖြစ်သည်။ သူ၏အဆင်းမှာ ရွှေဝါရောင်သန်းကာ လွန်စွာ သြဇာတိက္ကမနှင့် ပြည့်စုံလေသည်။

မြနတ်မင်းကမူ မြစိမ်းရောင် အဆင်းနှင့်ပြည့်စုံကာ တည်ကြည်သည်ထက် မြင်ရသူတိုင်း အသက်ရှုမှားလောက်အောက် ချောမောလှပသော ရုပ်အဆင်းကို ပိုင်ဆိုင်သူ ဖြစ်သည်။

နတ်စစ်သူကြီးမှာ စစ်နတ်ဘုရားမျိုးရိုးမှ ပေါက်ဖွားလာရကာ စစ်ဘီလူးတစ်ကောင်ကဲ့သို့ သန်မာထွားကြိုင်းပြီး လှပသော ကြွက်သားစိုင်တို့ဖြင့်ဖွဲ့စည်းထားသဖြင့် နတ်ဘုရားမများ၊ နတ်သမီးများကြားတွင် အထူးပြောစရာမလိုအောင် နာမည်ကြီးလေသည်။

မြနတ်မင်းမှာမူ ကျစ်လစ်သောအဆင်းရှိကာ အရပ်အမောင်းမှာမူ နတ်စစ်သူကြီး၏ ပုခုံးစွန်းစွန်းရှိလေသည်။ (နတ်သမီးလေးတွေဆို ဇိန်ရဲ့ ရင်ခွင်လောက်ပဲ ရှိမယ်)

မြနတ်မင်းနှင့်ပတ်သက်လို့ အပြောအများဆုံး အချက်သုံးချက်ရှိလေသည်။

ပထမဆုံးအချက်မှာ မြင်ရသူတိုင်း ရူးသွပ်ခါလောက်အောင် ချောမောလှပသော ​မြနတ်မင်းရဲ့ ရုပ်အဆင်းဖြစ်သည်။

ဒုတိယအချက်မှာ သူရဲ့တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက် ချမှတ်မှုများဖြစ်ပြီး...

တတိယအချက်မှာ နတ်တိုင်းနတ်ပြည် တစ်ခွင်က နတ်သမီးများ ရှုံးအောင်လှသော သူ၏ စွန့်စွန့်ကားကား နတ်ဘုရားတင်ပါး ဖြစ်သည်။

The Emperor's Secret Lover(mm oc)Dove le storie prendono vita. Scoprilo ora