The End (Uni)

500 30 0
                                    

မြနတ်မင်းကြီးသည် သူ၏ရွှေအတိပြီးသော ပုလ္လင်ပေါ်၌ ရွှေအတိပြီးသောဝိုင်ခွက်ကို ဆွဲကိုင်ကာ လူ့ဘောင်လောကကြီးကို နတ်မျက်စိဖြင့် ပျင်းရိစွာ အကဲခတ်နေလေသည်။

"တုံးအလိုက်တဲ့ လူသားတွေ..."

နတ်တို့ရဲ့ စည်းမျဥ်းစည်းကမ်းအရ လူသားတို့အရေး ဝင်မစွက်ဖက်ရဟု ပါဝင်ပြဌာန်းထားသော်လည်း သူက ဆဌမကောင်းကင်ဘုံကို အစိုးရတဲ့ မြနတ်ဘုရားပင် မဟုတ်ပါလား။

မြနတ်မင်းလက်မှာ ကိုင်ဆွဲထားတဲ့ ဝိုင်ခွက်က လေထဲမှာ ဝဲပျံသွားပြီးနောက် နတ်သုဒ္ဓါအပြည့်တည်ခင်းထားသော ရွှေအတိပြီးတဲ့ စားပွဲတစ်ခုပေါ်သို့ သက်ဆင်းသွား၏။

မြ​စိမ်းရောင် အလင်းတန်းတို့ ပေါ်ထွက်လာပြီးနောက် မြနတ်မင်းကား လေထဲသို့ တမဟုတ်ချင်း ပျောက်ကွယ်သွားလေသည်။

*ချူးအင်ပါယာရှိ တောစပ်တစ်နေရာတွင် ဖြစ်သည်။

"ပါပါး... သားတို့ကို ​တောဝက်အကြီးကြီး တစ်ကောင် ဖမ်းလာပေးနော်..."

"အားယား... သားရဲ့ ဖခမည်းတော်က သိမ်းငှက်လို စူးရှတဲ့မျက်လုံးတွေရှိတာမို့ ခမည်းတော်လက်ထဲ သက်ဆင်းရတဲ့ သားကောင်တွေက လွတ်မြောက်ရိုးထုံးစံ မရှိဘူး သားတော်ရဲ့..."

"ဝါး... တကယ်ပါလား... ပါပါးက သိပ်တော်တာပဲ..."

ကွေ့မိဖုရားက မင်းကြီးဆီက မျက်နှာသာပေးခံရအောင် အစဥ်အားထုတ်လျက်ရှိရာ သူ၏သားတော်သည်လည်း မယ်တော်အတိုင်းပင် ခမည်းတော်၏ အကြိုက်ဆောင်ကာ ချစ်မေတ္တာကို ခံယူလေ့ရှိသည်။

သို့သော် သားတော်လေးသည် ကလေးသဘာဝပေမို့ မယ်တော်ဘယ်လောက်ပင် အရောင်ဆိုးဆိုး ဖြူစင်စွာပင် ခမည်းတော်အား ချီးကျူးနေခြင်းဖြစ်သည်။

ထီးတော်မိုးကာ အရိပ်တစ်နေရာတွင် စံမြန်းနေသူကား ယွီလေး​နှင့်သူ၏မယ်တော်မိဖုရား တို့ဖြစ်ကြသည်။

"မာမား မာမား... သမီးတို့ရော ဖခမည်းတော်ကို သွားနှုတ်ဆက်လို့ မရဘူးလား..."

"ယွီလေးရယ် မာမားတို့ကို ခမည်းတော်က လာနှုတ်ဆက်ရင် ပြန်နှုတ်ဆက်ကြတာပေါ့... အဲ... ဟောဒီ သကာမုန့်က နှင်းဆီရည်နဲ့ လုပ်ထားတာပါလား... "

The Emperor's Secret Lover(mm oc)Where stories live. Discover now