အပိုင်း - ၂ / Uni

1.4K 88 0
                                    

မင်းကြီးသည် အိပ်ပျော်သွားသည်နှင့် တပြိုင်နက် ဆန်းကျယ်သော အိမ်မက်ထဲသို့ ရောက်ရှိသွားလေသည်။

"အိမ်း... မြနတ်နန်းက နတ်မင်းကြီးဆိုတာ ငါကိုယ်တိုင်ပဲ... မင်းကြီး မနက်က အကျွန်ုပ်ရဲ့ နတ်နန်းမှာ ပြောခဲ့မိတဲ့ စကားကို မှတ်မိပါသလား..."

"......"

လီသည် အချိန် အတန်ငယ် စဥ်းစားသော်လည်း သူသည် ပြည့်ရှင်မင်းတစ်ပါး ဖြစ်သည်နှင့်အညီ မိန့်ခွန်းပြောခြင်း၊ သြဝါဒချွေခြင်းတို့အပြင် မိဖုရားတို့အားလည်း ကျီစယ်စကားအများပင် ပြောခဲ့မိသဖြင့် ဘယ်စကားက မှားယွန်းနေမှန်း အဖြေရှာမရပေ။

လီ၏ တိတ်ဆိတ်နေမှုကြောင့် ရွှေသားအတိပြီးတဲ့ ပါးလွှာသောလိုက်ကာ နောက်မှ ဝိုးတဝါးမြင်တွေ့နေရသော ပုံရိပ်မှ စကားဆိုလာခဲ့သည်။

"မင်းကြီးက အကျွန်ုပ်ကို လူသူအများ ဆက်သတဲ့ လက်ဆောင်ပဏ္ဍာတို့မှာ မင်းကြီးလက်ခံရရှိသော လက်ဆောင်ပဏ္ဍာတွေရဲ့ တဝက်တောင် မရှိဘူးလို့ ဆိုခဲ့တယ် မဟုတ်ပါလား"

လီ စဥ်းစားကြည့်လိုက်တော့ အဟုတ်ပင် သူက ဗိုလ်ပါအများ ခြံရံနေချိန်၌ သူ၏မိဖုရားတို့အား သူ့ကို အထင်ကြီးစေ လိုသောကြောင့် ထိုသို့ ဆိုခဲ့မိလေသည်။

"အကျွန်ုပ် ဆိုခဲ့မိသည်မှာ အမှန်ပင် ဖြစ်ပါတယ် နတ်မင်းကြီး..."

"ဒါဆို မင်းရဲ့ ပြစ်ဒဏ်ကို သိပြီးရောပေါ့..."

"ပြစ်-ပြစ်ဒဏ်... ဘယ်လိုပြစ်ဒဏ်ပါလဲ နတ်မင်းကြီး..."

"မင်းကြီးက ဒီနေ့ကစပြီး ယောကျာ်းတစ်ယောက်က ပြုမူသမျှကို နာခံရမယ်၊ ဒါဟာ... မင်းကြီးက ဧကရာဇ်တစ်ပါး ဖြစ်လို့ ဤမျှလောက် အလျှော့ပေးခြင်းပဲ..."

=======================

အပါးတော်မြဲကြီးသည် သလွန်ထက်တွင် အိမ်မက်ဆိုးမက်နေဟန်တူသော လီကို မနီးမဝေးနေရာက ရပ်၍ ကြည့်နေလေသည်။

အပါးတော်မြဲကြီးသည် လီ၏ ခမည်းတော် မင်းကြီးဝမ် လက်ထက်ကပင် အမှုထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဝမ်သည် လီ၏မိခင်ဖြစ်သူ မိဖုရားခေါင်ကြီး မဆုံးမိ သူမ၏သားငယ်ကို ဘုရင်အဖြစ် တင်မြှောက်ပါမည် ဟူသော မိဖုရားခေါင်ကြီး တောင်းသော ကတိကို တည်ခဲ့သူဖြစ်သည်။

The Emperor's Secret Lover(mm oc)Donde viven las historias. Descúbrelo ahora