အပိုင်း - ၄/Uni🔞

1.5K 67 8
                                    

(A/N - ရှန်က Sarcastic Top ပါ၊ အဓိပ္ပါယ်က လီ့ကို ဟိုအချိန်မှာ အနိုင်ကျင့်ပြီး အသားယူတတ်တဲ့ Daddy type ပါ၊ ကျန်တဲ့အချိန်မှာတော့ လီကို ကြွေရုပ်လေးလို အထိမခံနိုင်အောင် ချစ်ပါတယ်)

============================

လီသည် ယခုအချိန်တွင် စစ်ရေးထက် အင်ပါယာ စီမံအုပ်ချုပ်ရေးကို ဦးစားပေးကာ ဆောင်ရွက်နေချိန် ဖြစ်သော်လည်း တပ်တော်ကို အရည်အချင်း စစ်ဆေးရန်မှာ ဧကရာဇ်တစ်ပါး၏ တာဝန်ပင် ​မဟုတ်ပါလား။

အဲ့ဒါထက် ဘာကြောင့်မှန်းမသိ လေ့ကျင့်ရေး စခန်းကို မသွားလျှင် သေမလို ဖြစ်နေသော စိတ်ကြောင့်ဟုပင် ဆိုရပေမည်။

လီသည် တပ်တော်ကို မနက်မိုးသောက်တွင် စစ်ဆေးရေးဝင်ရန် ဆုံးဖြတ်ပြီးနောက် နန်းတော်မှ အခြံအရံများဖြင့် ထွက်ခွာလာခဲ့သည်။

ရှန်က နံနက် နိုးထလာသောအခါ ဧကရာဇ်က ရုတ်တရက် လေ့ကျင့်ရေး အခြေအနေကို သူကိုယ်တိုင် လာရောက် အကဲခတ်မည်ဟု အမိန့်စာ ရောက်လာသဖြင့် သူ ညမအိပ်ခင် တောင်းခဲ့တဲ့ ဧကရာဇ် သူ့ရှေ့ရောက်လာပါစေ ဟူသော ဆုတောင်းပြည့်သည် ဟု ဆိုရပေမည်။

မဟုတ်ရင်... ဧကန္တ... ဧကရာဇ်က တစ်ကယ်ဘဲ သူ့အမိန့်ကို နာခံလာတာလား။

"အလိုဗုဒ္ဓ... ထူးဆန်းပေစွ..."

ဒါဆိုလည်း တစ်လက်စတည်း သူနဲ့လီတို့ ပျော်ပါးလို့ရမယ့် အကြံတစ်ခုကို စဥ်းစားမိသည်။

ဧကရာဇ် တောစပ်က ရေတံခွန်ကို တစ်ကိုယ်တည်း လာစေ၊ ဧကရာဇ် တောစပ်က ရေတံခွန်ကို တစ်ကိုယ်တည်း လာစေ။

လီသည် ငယ်ဘဝက လွတ်လပ်မှုကို ပြန်လည်တမ်းတမိသဖြင့် ကိုယ်ရံတော်တို့ကို မခေါ်ခဲ့ဘဲနဲ့ တစ်ယောက်တည်း တပ်စခန်းအနီးရှိ တောစပ်က ​ရေတံခွန်လေးသို့ လာခဲ့လေသည်။

ရေတံခွန်နားရောက်တော့ လီက ပတ်ဝန်းကျင်ကို စူးစမ်းပြီးနောက် အဝတ်တို့ကို ခေါက်ကာ အနီးရှိ ကျောက်စိုင်ပေါ်သို့ တင်ထားလိုက်သည်။

ထိုနောက် အကြောအချဥ်လျော့ကာ ကိုယ်လုံးတီးဖြင့် ရေကန်ထဲသို့ ဆင်းပြီး ရေကူးခတ်လျက် ရှိနေပေသည်။

The Emperor's Secret Lover(mm oc)Tempat cerita menjadi hidup. Temukan sekarang