အပိုင်း - ၆/ Uni

981 67 1
                                    

လီက ရေသုံးသပ်ဆောင်ရှိ ရေပူကန်ထဲမှာ အားလျော့စွာ ရေစိမ်နေရင်း သူမေ့ပျောက်နေခဲ့တဲ့ အတိတ်တစ်ခုကို ပြန်လည် စဥ်းစားနေလေသည်။

"ရှန်... ရှန်လေး... ကိုကိုရဲ့ရှန်လေး..."

ရှန်သည် စစ်သူကြီး မျိုးရိုးမှ မွေးဖွားလာသူ ဖြစ်၍ အသက် ၇နှစ် ခန့်ကပင် သူ့ဖခင်၏ တပ်ထဲတွင် စစ်ပညာ သင်ယူခဲ့ရသည်။

သူအိမ်တော်မှ တပ်ထဲရောက်ပြီး များမကြာမီတွင် ရှန့်ဘဝထဲသို့ အသက်၁၀နှစ်ခန့် ဖြူဖြူချောချော ယောကျ်ားလေးတစ်ယောက် ဖြစ်တဲ့ လီသည် ဆန်းကျယ်စွာ ဝင်ရောက်လာခဲ့သည်။

သူ့ဖခင်က ထိုဖြူချောလေးကို သူနှင့်အတူ အနီးကပ်ထားကာ စစ်ပညာ သင်ကြားပေးလေသည်။

သူနှင့် ထိုလူချောလေးသည် အနေနီးသဖြင့် အတော်ပင် ခင်မင်ခဲ့ကြပါသည်။

ရှန်၏ဖခင်ဖြစ်သူ ညလုံးပေါက် စစ်သင်တန်းပေးသည့် အချိန်များတွင် ရှန်သည် လီ၏လက်ကို ဆွဲကာ အနီးရှိ စိမ်းစိုနေသည့် တောင်ကုန်းလေး တစ်ခုဆီသို့ ခေါ်သွားလေ့ရှိသည်။

ထိုတောင်ကုန်းလေးပေါ်သို့ ရှန်တို့ရောက်သွားတဲ့အချိန်တိုင်း တောင်ကုန်းပေါ်က တစ်ခုတည်းသော ချယ်ရီပင်လေးအောက်တွင် နှစ်ယောက်သား လဲလျောင်းကာ ကောင်းကင်က မှိန်ပျပျ ကြယ်လေးတွေကို ကြည့်ကာ ရောက်တတ်ရာရာ ပြောလေ့ရှိကြသည်။

မှတ်မှတ်ရရ လီကို သူ့အသက် ၁၆နှစ်ပြည့်ပြီး နောက်တစ်ရက်တွင် နန်းတော်က ဧကရာဇ်၏ အမိန့်တော်ဖြင့် ဧကရာဇ်အဖြစ် တင်မြှောက်ရန် လာရောက် ခေါ်ဆောင်သွားကြ လေသည်။ အဲ့ဒီ့နေ့က ရှန်အတွက် ဝမ်းအနည်းရဆုံးနေ့လေး တစ်နေ့ပင် ဖြစ်သည်။

သို့သော် လီ၏ ၁၆နှစ်ပြည့် မွေးနေ့လေးမှာ ရှန်အတွက် အမှတ်အရဆုံး ညလေးတစ်ည အဖြစ် ကျန်ရှိနေပေမည်။

"ကိုကို.. ကိုကို..."

"ဟင်... ရှန်လေး မအိပ်သေးဘူးလား..."

"ကိုကို ထဦး... ကိုကိုကို့ ပြစရာရှိတယ်... ဖြည်းဖြည်းထ... ရား..."

အဲ့ဒီနေ့က ရှန်ရဲ့ဖခင်ဖြစ်သူ ညဆိုင်း လေ့ကျင့်ရေး ပို့ချတဲ့နေ့ဖြစ်ပြီး ခါတိုင်းဆို အသက်၁၄နှစ် ကျော်သူမှန်သမျှ သွားရောက်ရသော်လည်း လီက အခြားရက်က လေ့ကျင့်ရင်း ခြေထောက် ထိခိုက်ထားသဖြင့် နေရစ်ကာ အနားယူစေသည်။

The Emperor's Secret Lover(mm oc)Onde histórias criam vida. Descubra agora