1

7.1K 274 31
                                    

Unicode

ဆီးနှင်းတို့တဖွဲဖွဲကျနေတဲ့လမ်းလေးဘေးနားတစ်နေရာမှကော်ဖီဆိုင်လေးတစ်ဆိုင်ရဲ့အထဲကောင်လေးတစ်ယောက်လက်လေးမှာပတ်ထားတဲ့နာရီလေးကိုခနခနကြည့်နေမိပြီးစောင့်မျှော်နေရတဲ့သူ့ရဲ့နှလုံးသားတစ်ခုလုံးပုံအပ်ထားတဲ့ကောင်လေးအလာကိုလည်ပင်းလေးတရှည်ရှည်‌နဲ့ဆိုင်အပြင်ဘက်မှန်ပတင်းပေါက်လေးစီကိုငေးရင်း‌‌ေစာင့်နေမိတယ်

"အချစ်!!..."

"အမလေး...မောင်ရယ်..လန့်လိုက်တာ..."

အပြင်ကိုငေးနေရာကအနောက်ဘက်နေပခုံးပေါ်လက်တင်ပြီနားနားတိုးကာခေါ်လိုက်တာကြောင့်‌လန်သွားရတယ်

"ဟင်..အချစ်လန့်သွားတာလား...ရော့ရော့..ရေသောက်လိုက်နော်...မောင်တောင်းပန်ပါတယ်ကွာ...မောင်ကအချစ်ကိုဒီအတိုင်းစလိုက်တာပါ..."

"ရပါတယ်မောင်ရယ်...အချစ်ကိုအဲ့လောက်တောင်းပန်စရာမလိုပါဘူး...ဒါနဲ့မောင်ဘာလို့နောက်ကျနေတာလဲဟင်..."

"အဲတာက..ဟူး~မောင်ဒီလကုန်ရင်‌အဆောင်ဖိုးတွေရောကျောင်းလခတွေပါပေးရတော့မှာလေ...အချစ်လည်းသိတဲ့အတိုင်းမောင်ကဉတစ်လံုးတကောင်ကြွက်လေ...မောင်...အချိန်ပိုင်းအလုပ်တွေပိုလုပ်နေရလို့ပါကွာ...အချစ်မောင့်ကိုအရမ်းစောင့်လိုက်ရလား...‌‌အဲလိုဆိုရင်လည်းမောင့်ဘက်ကပဲအချစ်ကိုထပ်တောင်းပန်ပါတယ်ကွာ..."

"မောင်...အချစ်တို့ကြားမှာတစ်ယောက်နဲ့တစ်ယောက်တောင်းပန်ပါတယ်ဆိုတဲ့စကားကမလိုအပ်ပါဘူးမောင်ရယ်..."

"အခုမောင်ငွေလိုနေတာမှတ်လား...ဒီလိုလုပ်လေ...မောင့်ကိုအချစ်ကူညီပြီးဖြေရှင်းပေးမယ်လေ‌..နော်..."

"အချစ်!...မောင့်ကိုအချစ်ကငွေမရှာနိုင်ဘူးလို့အထင်သေးတာလား..."

"မောင် မောင်ရယ်...အချစ်ပြောတာကအဲ့လိုသဘောနဲ့ပြောတာမဟုတ်ပါဘူး...မောင်နဲ့အချစ်နဲ့ကချစ်သူတွေလေတစ်ယောက်နဲ့တစ်ယောက်ကူညီရမှာပေါ့...နော်...အချစ်ပြောတာကိုလက်ခံပေးပါနော်..."

"ဟုတ်ပါပြီအချစ်ရယ်...မောင်လည်းလက်တလောငွေလိုနေတော့အချစ်ရဲ့အကူအညီပဲယူရတော့မှာပေါ့...ဒါပေမဲ့မောင်အဆင်ပြေရင်အကုန်ပြန်ပေးမှာနော်..."

LAST CHANCE ✔︎Where stories live. Discover now