Kim Seok Jin စီကထွက်လာပြီးတာနဲ့ အိမ်မှာကျန်ခဲ့တဲ့မနေ့ညကအဝတ်တွေကိုပြန်ယူပြီး JungKook ပြန်လာခဲ့သည်။
တိုက်ခန်းတံခါးဟာပွင့်နေတာကြောင့် ဟန်နီပြန်ရောက်နေပီဆိုတာ JungKook သိလိုက်သည်။ ဒါဆိုဟန်နီ မနေ့ကသူနဲ့စကားများပြီး သူငယ်ချင်းတွေအိမ်မသွားဘူးပေါ့
ခြေသံလုံလုံနဲ့အိမ်ထဲဝင်လာတော့ဧည့်ခန်းမှာခေါင်းလေးကိုအောက်ချကာငိုသံကြားနေရတယ် မဟုတ်မှဟန်နီ ငိုနေတာလား။
"ဟန်နီ ဟန်နီဘာဖြစ်လို့လဲ ကိုယ့်ကိုပြော!"
ဟန်နီ ပခုံးလေးနှစ်ဖက်ကိုတင်းကျပ်စွာဆုပ်ကိုင်ရင်းမေးတော့ မျက်ရည်ကြည်တို့ပါးပြင်ထက်နေရာယူနေတဲ့ ဟန်နီ မျက်နှာလေးဟာ မို့အစ်နေသည်။ ဘာတွေဖြစ်လို့ဒီလောက်တောဂ်ငိုနေရတာလဲကွာ..
"ဟင့် ဒါ ဒါလင် ဟန်နီလေ ဟန်နီ မှာ..."
ရှိုက်သံတို့ရောယှက်နေတဲ့ဟန်နီဟာ သူမရဲ့လက်ထဲမှာကိုင်ထားတဲ့ အဖြူရောင်အချောင်းမတိုမရှည်ကော်လိုအတံလေးကိုထုတ်ပြလာသည်။
ဒါက ဒါက မိန်းမတွေကိုယ်ဝန်ရှိမရှိစစ်ဆေးတဲ့ဟာမှတ်လား ဒါကဘာလို့ဟန်နီဆီမှာရှိနေတာလဲ...မဟုတ်မှ
"ဟန်နီ မဟုတ်မှ ဟန်နီဆီမှာခလေးလေးရှိနေတာလား"
JungKook ဝမ်းသာလုံးဆို့ကာစကားတွေပင်တုန်လာသည်။ ဟန်နီသည်လည်း JungKook စကားကိုခေါင်းလေးညှိတ်ပြကာငိုသည်။
"ဟုတ်တယ် အခု ဟန်နီမှာဒါလင်နဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီ ဆီးစစ်တံမှာမှာလိုင်း၂လိုင်းပေါ်နေတယ်"
"အင်းဟုတ်တယ် ဒါလင် ဝမ်းသာလိုက်တာ ဟန်နီ ဒါငိုစရာမဟုတ်ဘူးလေကွာ အခုမှဒါလင်တို့မိသားစုလေးစုံလင်လာတော့မှာ"
"အင်း ဟန်နီငိုတာပျော်လို့ပါဒါလင်ရယ် ဒါလင်အခုကစပြီးဟန်နီကိုအရင်ကထက်ပိုချစ် ပိုဂရုစိုက်ရမယ်နော်"
"ဒါပေါ့ အခုကစပြီး ဒါလင်က ဟန်နီကိုရောဟောဒီဗိုက်လေးထဲကသားသားလေးလားမီးမီးလေးလား ဘာပဲဖြစ်ဖြစ် ဒါလင်ကဂရုစိုက်မှာပါဗျ"
"ဟိ ဒါလင်ကချစ်ဖို့ကောင်းလိုက်တာ"
"လာပါအုန်း ဒါလင်ရဲ့ဗိုက်ဗိုက်ခလေးကိုဖက်ထားချင်လို့"