21

1.9K 189 18
                                    

Unicode

အဖေ့ကိုမနက်အစောထပြီးနှုတ်ဆက်ဖြစ်သည်။

"အဖေ‌ကောင်းကောင်းမွန်မွန်နေတယ်မှတ်လား..."

အရိုးပြာအိုးထားတဲ့မှန်ဘောင်ကိုကျောမှီပြီးထိုင်ချလိုက်သည်။

"ကျွန်တော်Kim SeokJinကိုတွေ့ခဲ့တယ်အဖေ..."

"မတွေ့ခင်ကတော့Kim SeokJinကိုတွေ့အောင်ရှာပြီးတောင်းပန်ချင်ခဲ့တာ..."

"တကယ်တွေရတော့Kim SeokJinကိုရင်မဆိုင်ရဲဘူး...ကျွန်တော်သူ့အပေါ်အရမ်းမှားခဲ့တယ်"

"ဟန်နီကိုယ်ဝန်ပျက်ကြခဲ့တာကိုဟန်နီစကားကိုယုံကြည်ပြီးKim SeokJinအပေါ်ကိုမမှားသင့်တဲ့အမှားတွေကြူးလွန်ခဲ့မိတယ်"

"ကျွန်တော်အပြစ်တွေကိုတာဝန်ယူချင်တယ်..."

"Min Yoongiပြောတာတွေကိုကျွန်တော်သာနားလည်ခဲ့ရင်Kim SeokJinကိုကွာရှင်းတာကိုလက်ခံခဲ့မှာမဟုတ်ဘူး"

"အခုMin Yoongiပြောနေတဲ့သံဆယာဇဉ်ဆိုတာကိာကျွန်တော်နားလည်ခဲ့တယ်...ဟန်နီကိုကျွန်တော်အနေနီးခဲ့လို့သံယောဇဉ်တွယ်ခဲ့မိတာဒါကိုအချစ်လို့ကျွန်တော်ထင်ခဲ့တာ...တကယ်တမ်းကျွန်တော်ခံစားချက်သိရတော့Kim SeokJinကထွက်သွားခဲ့တယ်"

"ဟန်နီလည်းသူဌေးတစ်ယောက်နဲ့ကောင်းကောင်းမွန်မွန်ရှိနေတယ်ထင်တယ်ကျွန်တော်တို့ကွာရှင်းပြီးထဲကအဆက်အသွယ်မရှိခဲ့တော့တာ"

မနက်ထဲကအဖေ့အရိုးပြာအိုးထားတဲ့စီမှာအချိန်ကုန်လို့ကုန်သွားမှန်းမသိ!

"ဟယ်လို!"

အဖေနဲ့စကားပြောရင်းဆေးရုံကဖုန်းဝင်လာသည်။

'Mr Jeon အခန်းနံပါတ်(..)ကလူနာတွေကဆေးရုံဆင်းမလို့ဆိုပြီးပြောနေလို့ပါ'

"သူတို့ကိုအခုဆင်းခွင့်မရှိဘူးပြောလိုက်"

'မရဘူးMr.Jeonသူတို့သူဌေးကိုတရားဆွဲမှာလို့ပြောနေတယ်'

"သူတို့ထွက်မသွားအောင်ထိန်းထားလိုက်ပါကျွန်တော်အခုလာနေပြီ"

'ဟုတ်ကဲ့!'

ဆေးရုံကMin Yoongiပြောခားတဲ့လူနာ၅ယောက်ကိုတွေ့ဖို့သူအဖေ့ကိုနှုတ်ဆက်လိုက်သည်။

LAST CHANCE ✔︎Where stories live. Discover now