Unicode
ခြံဝန်းထဲကားရပ်ပြီးတာနဲ့ အိမ်ထဲကိုအပြေးဝင်လာခဲ့သည်။
"မောင်! ဟင့် မောင်! မောင်ထင်သလိုမဟုတ်ပါဘူး Jin ရှင်းပြတာနားထောင်ပါနော်"
ဧည့်ခန်းထဲလှည့်ပတ်ရှာကြည့်တော့လည်းမောင့်ကိုမတွေ့ အိမ်တံခါးပွင့်နေပုံအရမောင်အိမ်မှာရှိနေလောက်မှာပါ
"မောင် Jin တောင်းပန်ပါတယ် Jin ရှင်းပြတာနားထောင်ပေးပါနော်"
မရပ်မနားမောင်ကြားအောင်အော်ပြောနေပေမဲ့ မောင့်ရဲ့အရိပ်လေးတောင်မတွေ့ အိမ်အပေါ်ထပ်အိပ်ခန်းထဲဝင်သွားတော့လည်းမတွေ့
"မောင် ဟင့် Jin နဲ့ ချွဲဒိုယောင်း နဲ့ဘာမှမပတ်သတ်ပါဘူး ဟင့် Jin ကိုမထားခဲ့ပါနဲ့ ဟင့်!"
မောင့်ကိုညကလဲပေးထားတဲ့အကျီတွေမတွေ့တာကြောင့် မောင်အိမ်ကနေထွက်သွားပြီဖြစ်လောက်သည်။
"Seok Jin! Seok Jin!!"
"မောင် လား"
အိမ်အောက်ထပ်မှအော်ခေါ်သံကြားတာကြောင့် စီးကျနေသောမျက်ရေစက်တို့ကိုလက်နဲ့အကြမ်းပတမ်းဖယ်ရှားလိုက်ပြီး အိမ်အောက်ထပ်ကိုပြေးဆင်းလာသည့် Seok Jin
"ဟင့် မောင်..."
အောက်ထပ်ပြေးဆင်းလာတဲ့ Seok Jin သည် ခလေးငယ်တစ်ယောက် လိုချင်သောအရာကိုပါးစပ်မှတစ်ဖွဖွရွတ်ဆိုနေသလို အောက်ထပ်ပြေးဆင်းလာတဲ့တလျှောက် JungKook ကိုသာခေါ်နေမိသည်။
"Seok Jin!!!"
"Ho.. Hoseok ဟင့်အီးဟီး"
မျှော်လင့်သူမဟုတ်ပဲ သူငယ်ချင်းဖြစ်သူ Hoseok ဖြစ်နေတာကြောင့် Seok Jin လှေကားထစ်မှာသာထိုင်ချရင်းငိုနေတော့သည်။
"Seok Jin!! Jin! ဘာဖြစ်လို့လဲ ငါ့ကိုစိတ်ပူအောင်လုပ်မနေနဲ့ Kim Seok Jin! ဘာဖြစ်နေတာလဲလို့"
"မောင် ဟင့် မောင် ငါ့ကိုစိတ်ဆိုးပြီးအိမ်ကထွက်သွားပြီ"
"ဘာ!!!"
ဘယ့်နှယ့် ကိုယ်ကတော့ Seok Jin ငိုနေလို့စိတ်ပူလိုက်ရတာ သူကတော့ ဟိုကောင်အိမ်ပေါ်ကဆင်းသွားလို့အသက်ထွက်မတက်ငိုနေတယ် တကယ်ပါ Kim Seok Jin ကို ကိုင်သာစောက်ပြစ်ချင်ပါသည်။