8

1.4K 164 22
                                    

Unicode

မင်္ဂလာပွဲမှာဖြစ်ခဲ့တဲ့ပြဿနာတော်တော်နဲ့မပြီး နောက်ဆက်တွဲရလဒ်ကတော့ ကျွန်တော့်ကိုအကျင့်ပျက်လူတစ်ယောက်လိုဆက်ဆံကြတဲ့ ရှယ်ယာရှင်တွေနဲ့စကားအချေအတင်ဖြစ်ရခြင်းပင်။

"ကျွန်တော်တို့ဘက်ကတော့ရှယ်ယာတွေပြန်ထုတ်မှာပါ"

"ဟုတ်တယ် အခုကုမတ္တီကအခြေအနေမကောင်းတော့ဘူး "

"ကျွန်မတို့အခုလိုယိုင်နဲ့နေတဲ့ကုမတ္တီနဲ့ဆက်ပြီးလက်မတွဲနိုင်တော့ဘူး"

တစ်ယောက်တစ်ပေါက်နဲ့ပြောနေကြတဲ့သူတွေဟာSeok Jinစီကနေ ရှယ်ယာတွေပြန်ထုတ်နိုင်ဖို့ကိုသာဦးသာနေသည်။

"ကျွန်တော်ကိုအချိန်တစ်ခုပေးကြပါ အခုလိုဖြစ်နေတဲ့ကုမတ္တီကိုကျွန်တော်အရင်လိုပြန်ပြီးလည်ပတ်နိုင်အောင်ပြန်လုပ်ပေးပါ့မယ် ခင်ဗျားတို့နဲ့ကျွန်တော်လက်တွဲလာတာကြာပြီပဲ အခုလိုဖြစ်တော့မှ လက်တွဲဖြုတ်မယ်ဆိုတာတော့မဟုတ်သေးဘူးလေဗျာ"

‌Seok Jinတကယ်ပင်စိတ်ဓာတ်ကျလာသည် သူကိုယ်တိုင်က CEO ဆိုပေမဲ့ ကုမတ္တီကရှယ်ယာရှင်တွေမရှိတော့ရင် အခုထုတ်လုပ်မှုတွေရပ်တန့်နေတာထက်ပိုဆိုးသွားနိုင်သည်။ နောက်ဆုံး သူ့ကုမတ္တီဒေဝါလီခံသွားရနိုင်သည်။

"ဒါပေမဲ့ သေချာတွေးကြည့်ရင် ဒီလိုဖြစ်တာက Kim Seok Jin ကိုယ်ကျင့်တရားမကောင်းလို့ဖြစ်လာတဲ့ကိစ္စလေ ကျွန်မတို့ဘက်ကတော့ ကျွန်မတို့ရှယ်ယာတွေကိုပြန်လိုချင်တယ်"

သူတို့ဘက်ကကြည့်ရင်တွေးရင်တော့ ကျွန်တော်ဟာ အိမ်ထောင်ရှိယောကျာ်းတစ်ယောက်ကိုအတင်းလက်ထပ်ယူခဲ့တဲ့ ကိုယ်ကျင့်တရားပျက်ပြားသူပေါ့ ဒါပေမဲ့အမှန်တရားကိုတော့ ကျွန်တော်ရယ် မောင်ရယ် ဟန်နီ ဆိုသူသာသိသည်။ နောက်ပြီး မောင်နဲ့ကျွန်တော်ဟာ မင်္ဂပွဲပြီးတဲ့နေ့ထဲကမတွေ့ဖြစ်တော့တာ ဒီနေ့နဲ့ဆို ၅ ရက်မြောက်နေ့ပင် ဖြစ်သည်။

"ကောင်းပြီ ကျွန်တော်ခင်ဗျားတို့ရှယ်ယာတွေကို တစ်ပြားတချပ်မှမကျန်အောင်ပြန်ပေးမယ်"

ဘယ်သူကိုမှ အမ‌ှန်တရားကဒီလိုပါဆိုပြီးမရှင်းပြချင်တော့ အခုသူ့ဘက်မှာ မောင် ဆိုတဲ့သူကတောင်သူ့ကိုလူဆိုးလုပ်ခဲ့သည်လေ သူတို့ထုတ်ချင်တယ် ရှယ်ယာတွေကိုထုတ်ပေးလိုက်သည်။

LAST CHANCE ✔︎Where stories live. Discover now