Unicode
"ကော်ဖီပါ..."
စာပွဲဝိုင်းနဲ့ခပ်လှမ်းလှမ်းမှာကွီးချဲပေါ်ကလူရဲ့အခြေအနေကိုအကဲခတ်မိသည်။
"အစ်ကိုအဆင်ပြေပါ့မလား"
Seokjinဘေးနားရပ်နေတဲ့ညီလေးကတိုးတိုးနဲ့လာမေးတော့SeokJinမျက်ဆံနက်နက်လေးတွေကိုအပေါ်သို့လှန်ပြပြီးပခုံးတွန့်ပြလိုက်သည်။အစ်ကိုလည်းမသိသေးဘူးဆိုတဲ့သဘောပေါ့!
"ဒီနေ့ကစပြီးကိုယ့်အတွက်ကော်ဖီဖျော်ပေးပါ"
SeokJinမျက်စိတစ်ဖက်မှိတ်ကာဘေးနားကညီလေးကိုအဆင်ပြေကြောင်းအချက်ပြလိုက်သည်။
"အဆင်မပြေမှုအတွက်တောင်းပန်ပါတယ်"
ဝန်ထမ်းရဲ့ပေါ့စမှုကြောင့်ဧည်သည်အတွက်အဆင်မပြေဖြစ်သွားရခြင်းကိုတောင်းပန်လိုက်တယ်။
"နာမည်(နမယ်)သိချင်တယ်"
"Kim SeokJin..."
ဧည့်သည်ကခေါင်းညှိတ်ပြပြီးကိုယ်ရံတော်လိုလူဆီက,ကဒ်တစ်ခုယူပြီးSeokJinကိုပေးသည်။
"Kim Taehyung...နောက်နေ့ကစပြီးဒီလိပ်စာအတိုင်းမနက်စာကိုမင်းကိုယ်တိုင်လုပ်ပြီးလာပို့ပေးပါ"
"ကျွန်တော်မဟုတ်ပဲတစ်ခြားသူ..."
"ဒီဆိုင်ပိုင်ရှင်ကကိုယ့်သူငယ်ချင်း"
"ဟုတ်ကဲ့"
ဆိုင်ရှေ့မှာရပ်ထားတဲ့အနက်ရောင်ကားထဲကိုကိုယ်ရံတော်နှစ်ယောက်နဲ့တွဲပြီးဝင်သွားသည်။Kim Taehyungကအောက်ပိုင်းသေနေတဲ့သူလား!
မနက်ပိုင်းအချိန်ဆိုင်မှာဝယ်သူတွေနဲ့ပြည့်နေပေမဲ့Kim Taehyungဆိုတဲ့သူကိုမနက်စာSeokjinကိုယ်တိုင်သွားပို့ရသည်။မနက်ပိုင်းဆိုတော့လိုင်းကားတိုးစီးရမယ်ထင်ခဲ့တာ!
"အစ်ကိုဆိုင်ရှေ့မှာမနေ့ကKim Taehyungဆိုတဲ့လူရဲ့ကားရောက်နေတယ်"
ဆိုင်ရှေ့မှာအနက်ရောင်ကားတစ်စီးကြောင့်Kim Taehyungရောက်လာတယ်ထင်ခဲ့တာ!
"သူဌေးကြိုခိုင်းလိုက်တာပါ"
မနေ့ကလိုသန့်သန့်ပြန့်ပြန့်ဝတ်စားထားတဲ့ကိုယ်ရန်တော်လိုလူကSeokjinကိုလာကြိုတာပေါ့!
![](https://img.wattpad.com/cover/294710417-288-k991356.jpg)