Unicode
"ဒါလင်ဟန်နီကိုငွေလွှဲပေးဦး"
"ဟန်နီ...ကိုယ်မနေ့ကပဲမင်းအကောင့်ထဲငွေလွှဲပေးထားတယ်လေ"
"ကျစ်!!ဒါလင်ကလည်းမရှိတော့လို့တောင်းတာပေါ့ရှိနေမှတော့ဒါလင်ဆီကတောင်းမနေဘူး"
"ဟန်နီ!မင်းအိမ်ပြန်မလာတဲ့ရက်တွေကျတော့လည်းငါ့ကိုဖုန်းဆက်ပြီးငွေလွှဲပေးဖို့ပဲပြောတယ်!အခုကိုယ့်ရဲ့အလုပ်ခွင်ထိလာပြီးငွေလာတောင်းတာတော့မဟုတ်သေးဘူးနော်"
"ဟန်နီကောင်းတာတွေမကောင်းတာတွေမသိချင်ဘူးဒါလင်!!အခုဟန်နီကိုငွေလွှဲပေး...အခုလိုဒါလင်ဆီလာပြောရတာနဲ့ဝိုင်းကောင်းတွေလွတ်ကုန်ပြီဆိုတာရောဒါလင်သိရဲ့လား!!!"
ရုံးခန်းထဲကဖိနပ်သံမြည်သည်အထိခြေစောင့်ပြီးထွက်သွားတဲ့ဟန်နီ!ပြီးခဲ့တဲ့၂နှစ်နီးပါးမှာJungkookကတော့စီးပွားရေးကိုသာအာရုံစိုက်ပြီးလုပ်ခဲ့ပေမဲ့ဟန်နီကတော့၂နှစ်အတွင်းမှာလောင်းကစားသမားတစ်ယောက်လိုဖြစ်သွားသည်။
Jungkook လုပ်ငန်းတွေအောင်မြင်သလောက်တစ်ဖက်မှာလည်းဟန်နီရဲ့အသောမတက်နိုင်တဲ့လောင်းကစားအကြွေးတွေရယ်ဟန်နီတောင်းတဲ့ငွေတွေကိုပေးနေရသည်။လောင်းကစားမလုပ်ဖို့တားပေမဲ့ဟန်နီရဲ့အကြောင်းပြချက်ကိုJungkookမငြင်းနိုင်ပါ။
'ဟန်နီအခုလိုတွေလုပ်နေရတာကဟန်နီခလေးကိုသတိရလို့!အရမ်းနာကျင်ရလို့!ခလေးတစ်ယောက်ဆုံးရှုံးရတဲ့စိတ်သောကကိုဟန်နီအခုလိုမေ့မေ့ပျောက်ပျောက်ထားမှဖြစ်မှာမလို့ဒါလင်!'
လောင်းကစားမလုပ်ဖို့ပြောရင်ခလေးအကြောင်းတွေပြောပြီးငိုနေတက်တဲ့ဟန်နီကြောင့်Jungkookမတားတော့!၂နှစ်ဆိုတဲ့အချိန်အတွင်းမှာJungkookစီးပွားရေးလောကရဲ့နယ်ပယ်တစ်ချို့မှာခြေဆန့်နိုင်ခဲ့ပြီးတချို့စီးပွားရေးမဂ္ဂဇင်းတွေမှာဆိုစံပြပုဒ်ကိုယ်အဖြစ်ဖော်ပြခံရသည်။
"Jungkook!"
"Yoongi!ဝင်လာလေ"
"မင်းးဝယ်မဲ့ခြံကွက်ကိုပိုင်ရှင်ကမရောင်းဘူးJungkook"
"ဘာလို့လဲ!တန်ရာတန်ကြေးထက်ပိုပေးထားတာကို"
"ခြံကွက်ပိုင်ရှင်ကလည်းလူချမ်းသာတစ်ယောက်Jungkook..."