မောင်နဲ့စတွေ့တဲ့အချိန်ကနှင်းဖွဲဖွဲကျနေတဲ့ကော်ဖီဆိုင်လေး။အမှတ်တရတွေများခဲ့တဲ့ဒီကော်ဖီဆိုင်လေးကိုသူနောက်တစ်ကြိမ်ရောက်ခဲ့တယ်။အခုချိန်မှာတော့နှင်းဖွဲဖွဲကျမနေတော့မိုးဖွဲဖွဲလေးတွေကမှန်နံရံလေးမှာကပ်ညိနေတယ်။
"ကျွန်တော်နောက်ကျသွားတယ်"
ရောက်လာတဲ့မောင်ရဲ့စကားကသူမေးခွန်းထုပ်စေသည်။ဘာလို့နောက်ကျလဲဆိုတာသိနေတာကြောင့်ထွေထွေထူးထူးလည်းမေးမနေချင်တော့။
"JungKookတကယ်လို့..."
"ကွာရှင်းရအောင်"
"......"
သူပြောမဲ့စကားတစ်ဝက်ကိုဖြတ်ပြောလိုက်တဲ့မောင်။ပြောလာတဲ့စကားကလည်းသူလက်သင့်မခံနိုင်တဲ့စကားလုံးတွေ။
"ကျွန်တော်ဝန်ခံတယ်...Seok Jinကိုတကယ်မချစ်ခဲ့ဘူးကျွန်တော်အရင်အချိန်တွေမှာကျွန်တော့်ဘဝတက်လမ်းအဆင်ပြေအောင်Seok Jinကိုအသုံးချခဲ့မိတယ်။ဒါတွေကိုကျွန်တော်တခြားနည်းနဲ့ပြန်ဆပ်ပါ့မယ်။အခုတော့ကျွန်တော့်ကိုကွာရှင်းပေးပါ"
မောင်ပြောနေတာတွေကိုသူမသိခဲ့တာမဟုတ်ဘူး။သိခဲ့ပါတယ်မောင်ရယ်။အရဲစွန့်ပြီးမောင့်ကိုပိုင်ဆိုင်ချင်ခဲ့တာနောက်ဆုံးရလဒ်ကသူတွေးထားတာတွေရဲ့ဆန့်ကျင်ဘက်သက်သက်တွေဖြစ်နေတယ်။
"Jungkookအဆင်မပြေတာရှိရင်ပြောပါဒါပေမဲ့ကွာရှင်းပေးဖို့တော့မပြောပါနဲ့"
"ဒီလိုအခြေအနေကိုကျွန်တော်ကျိုတွေးမိခဲ့ရင်Seok Jinနဲ့စုံအောင်ကျွန်တော်ဖန်တီးယူခဲ့မိမှာမဟုတ်ဘူး...ဟန်နီမှာကိုယ်ဝန်ရှိနေပြီ"
"ဘာ~"
ခပ်တိုးတိုးအသံလှိုင်းနဲ့Seok Jinလူမသိအောင်စိတ်ထဲပြိုလဲသွားခဲ့သည်။
"ကျွန်တော်အဖေကောင်းတစ်ယောက်ဖြစ်ချင်တယ်...Seok Jinနဲ့ကျွန်တော်လက်ထပ်ထားတယ်ကျွန်တော်ကဟန်နီအပြင်နောက်အိမ်ထောင်ထပ်ပြုထားတယ်ဆိုတာခလေးရဲ့အနာဂတ်ကိုမထိခိုက်စေချင်ဘူး"
ခလေး..ခလေးတဲ့လားမောင်ရယ်...မောင်ကဘာလို့ဒီလိုအတ္တကြီးသွားရတာလဲ...မောင်ကိုအဲ့လောက်ထိSeok Jinအပေါ်ရက်စက်မယ်လို့Seok Jinမထင်ခဲ့ဘူး။