ကျွန်မရဲ့ စိတ်တွေ တဖြည်းဖြည်းနဲ့ ရှုပ်ထွေးနောက်ကျိလာလေသည်။အတွေးထဲမှာ အချိန်အတော်ကြာ နစ်မွှန်းနေရင်း အသက်ရှုကြပ်လာသလိုပင် ကျွန်မ ခံစားလာမိလေသည်။နောက်တော့ သက်ပြင်းရှည်ကြီးတစ်ခုကို ကျွန်မ ချလိုက်၍ စိတ်နဲ့ လူနဲ့ကပ်အောင် နေလိုက်သည်။ပြီးတော့ စီးပွားရေးသတင်းတွေကို ရှောက်ကြည့်လိုက်မိသည်။
ကျွန်မရဲ့ မောင်က စီးပွားရေးလောက မှာ နာမည်ကြီးသူဌေးတစ်ယောက်ဖြစ်လေသည်။ကုန်လွန်ခဲ့တဲ့ ကာလများအတွင်း မောင်ဘယ်လိုများ နေခဲ့ သလဲ ကျွန်မ သိချင်မိလေသည်။
မကြာမီ ကုန်တိုက်တစ်ခု ဖွင့်ပွဲသတင်းတစ်ခု၌ မောင်ကို တွေ့လိုက်ရလေသည်။လူအများကြီး ထဲမှာမှ မောင်ကထင်ရှားပေါ်လွင်နေလေသည်။မောင်ရဲ့ ပုံကို မြင်ကွင်းချဲ့ကြည့်ရင်း ကျွန်မ လက်တွေက ဖုန်း မျက်နှာပြင်ပေါ်က မောင်ပုံရိပ်လေးအား ဖွဖွထိလိုက်မိသည်။
၂၉နှစ်အရွယ် ဟုမထင်ရလောက်အောင် ငယ်ရွယ်ချောမောလှသော မောင် ဖြစ်လေသည်။ဆံပင်တွေကို နောက်သို့ ပိရိသပ်ရပ်စွာ လှန်ဖီးထားသဖြင့် မဟာနဖူးပြင်ပြေပြေလေးကို မြင်နေရလေသည်။ဆွဲဆောင်မှုရှိတဲ့ စိမ်းဖန့်ဖန့်မျက်ခုံးတစ်စုံ ၊ တောက်ပ စူးရှလွန်းတဲ့ မျက်၀န်းများ ဖြောင့်တန်းနေသော နှာတံလေးနှင့် ပါးလျသောနှုတ်ခမ်းပါးများကို လည်း ပိုင်ဆိုင်ထားလေသည်။ တောင့်တင်းသောကိုယ်နှင့် မြင့်မားသောအရပ်က အစ အရာရာပြီးပြည့်စုံလွန်းလှလေသည်။
တစ်ချိန်က ကျွန်မနဲ့ မောင်နဲ့ အတူတူယှဥ်သွားတိုင်း နတ်ဖတ်တဲ့စုံတွဲဟု ပင် လူအများက တင်စား၍ ခေါ်ေ၀ါ်ခဲ့ကြဖူး၏။
ပါးပြင်ပေါ်သို့ တာကျိုးသလို မျက်ရည်များစီးကျလာ သဖြင့် ကျွန်မ ဖုန်းအား မြန်မြန်ပိတ်လိုက်မိသည်။အခုလို ကိစ္စတွေသာ ဖြစ်လာမယ်မှန်းသိရင် ထိုနေ့ညက မောင်နဲ့ ကျွန်မ ရန်ဖြစ်ခဲ့လိမ့်မည်မဟုတ်ပေ။
~~~~~~~~~
အချိန်အားဖြင့် တစ်ပတ်လောက်ရှိတော့ ကျွန်မခေါင်းက ပတ်တီးအားဖြည်လိုက်ရလေသည်။ခြေထောက်သည်လည်း သက်သာနေပြီဖြစ်ကာ လမ်းပင်ကောင်းကောင်းရှောက်နိူင်နေပြီဖြစ်လေသည်။
YOU ARE READING
'' အချစ်ကြီးသူ၏ ရင်ထဲ၀ယ် ''(completed){Z+U}
Romanceသွေးသံသရဲရဲနဲ့မြင်ကွင်းများ ၊ လူတစ်ယောက် ကြောက်မက်ဖွယ်သေဆုံးနေခြင်းများ ၊ သွေးပျက်ဖွယ် အော်ညည်းသံများကို ကျွန်မ မကြောက်ပေ ...... ကျွန်မ ငယ်ငယ်လေးထဲက မနက်တိုင်း အိပ်ယာက နိုးထလာခြင်းသည် မိဘတွေရဲ့ နွေးထွေးတဲ့ အသံတွေနဲ့ နှိုးသာကြောင့်မဟုတ်သလို...