ကျွန်မရှေ့က ထိုကောင်လေးသည် busကားပေါ်တုန်းက ကျွန်မနဲ့ ခုံချင်းကပ်ရပ်ထိုင်ခဲ့ရသော ကောင်လေးဖြစ်နေလေသည်။ထူးသစ္စာစံအိမ်က ဆိုတော့ ဒီကောင်လေးက သြရထူးဆိုတဲ့ တစ်ယောက်လား။ဒါလည်းမဖြစ်နိူင်လောက်ပေ သြရထူးက ဆရာ၀န်တစ်ယောက်ဖြစ်သည်ဟု ကျွန်မသိထား၏။အခု ကျွန်မရှေ့က ကောင်လေးရဲ့ အသက်က ၁၆၊ ၁၇ လောက်ပဲ ရှိသေးလောက်၏။
" မ က ဒီစံအိမ်မှာ နေသာလား" အသံ၀ဲ၀ဲနဲ့ထိုကောင်လေး ကပြောလာလေသည်။
" ဟင် အင်း ဟုတ်တယ်လေ "
" အော် ... !! မ ကျွန်တော် ဒီပစ္စည်းတွေ ဘယ်သွားပို့ရမှာလဲ "
ထိုအခါမှ ကျွန်မ သူ့လမ်းရှေ့မှာ ပိတ်ရပ်နေမိသာကို သတိရသွား၏။ကျွန်မ အားနာအပြုံးလေး ပြုံးပြမိရင်း ---
" ဖွား က စံအိမ်အပေါ်ထပ်မှာ လေ လိုက်ပို့ပေးမယ်"
" ဟုတ် " ထူးသစ္စာစံအိမ်ကပို့တဲ့ ပစ္စည်းဆိုတော့ ဖွားဆီ ပို့သာကောင်း၏။
" အာ မင်းပစ္စည်းတွေမနိူင်ရင် ကူသယ်ပေးမယ်လေ "
" ရပါတယ်ဗျ ၊ ကျွန်တော်အတွက် အပန်းမကြီးပါဘူး"
ထိုကောင်လေးအား ဖွားအခန်းရှိရာဆီသို့ ခေါ်ခဲ့လိုက်၏။အခန်းထဲရောက်တော့ ထိုကောင်လေးနဲ့ ဖွား စကားတစ်ချို့ပြောနေကြ၏။
"အကို သြရ က အခုမှ ခရီးကရောက်သာမလို့ ကျွန်တော်ပဲ ပစ္စည်းတွေလာပို့သာ ပါ ဖွားဖွား "
" အေး အေး ဒီမှာပဲ ထားခဲ့လိုက် ၊ တမာ ဒီကောင်လေးကို အချိုရည်ဖျော်တိုက်လိုက်စမ်း"
ကျွန်မ မျက်နှာအနည်းငယ် ပျက်ယွင်းသွားရသည် ။ဖွားစကားက ကျွန်မအား အိမ်စေတစ်ဦးလိုဆက်ဆံလိုက်ခြင်းဖြစ်သည်။ကျွန်မ တိတ်ဆိတ်စွာပဲ ခေါင်းညိမ့်ပြလိုက်မိ၏။
ကျွန်မ ထိုကောင်လေအား စောင့်မနေပဲ အခန်းထဲက ထွက်ခဲ့လိုက်၏။စံအိမ် လှေကားထစ်တွေကို ရေတွက်ရင်း ဒေါသလှိုင်းတွေကို ငြိမ်သက်အောင် လုပ်နေမိသည်။
" မ ကျွန်တော် ဖျော်ရည်မသောက်တော့ဘူးနော် ၊ တစ်ခြားကိစ္စလေးတွေလည်းရှိလို့ ပြန်ပါအုံးမယ် ဗျ"
ESTÁS LEYENDO
'' အချစ်ကြီးသူ၏ ရင်ထဲ၀ယ် ''(completed){Z+U}
Romanceသွေးသံသရဲရဲနဲ့မြင်ကွင်းများ ၊ လူတစ်ယောက် ကြောက်မက်ဖွယ်သေဆုံးနေခြင်းများ ၊ သွေးပျက်ဖွယ် အော်ညည်းသံများကို ကျွန်မ မကြောက်ပေ ...... ကျွန်မ ငယ်ငယ်လေးထဲက မနက်တိုင်း အိပ်ယာက နိုးထလာခြင်းသည် မိဘတွေရဲ့ နွေးထွေးတဲ့ အသံတွေနဲ့ နှိုးသာကြောင့်မဟုတ်သလို...