~14~

609 12 0
                                    


       အနီရောင် သန်းနေသော နေမင်းကြီးသည်  အရှေ့ရပ်မှထွက်ပေါ်လာပြီဖြစ်သည်။သူ၏ နွေးထွေးသော အလင်းရောင်အား လောကကြီးအပေါ် သို့  လွမ်းခြုံထားလေသည်။လောက ကြီးတစ်ခုလုံးသည်လည်း  သူ၏ အလင်းရောင်အောက်၀ယ် သက်၀င်လှုပ်ရှားနေပြီဖြစ်သည်။

       တစ်ယောက်သော မိန်းကလေးငယ်သည်လည်း  နွေးထွေးသောအလင်းရောင်များကြား နိုးထလာဖို့  ကြိုးစားနေပုံပေါ်သည်။အိပ်ယာထက်၀ယ်  စောင်များကြား လဲလျောင်းနေသော မိန်းကလေး၏ အိပ်စက်နေသည့် မျက်နှာလေးမှာ ဖြူဖျော့နေပြီး  အိမ်မက်ဆိုးများ  မက်နေပုံပေါ်၏။အိမ်မက်ဆိုးမှ နိုးထလာဖို့  ကြိုးစားနေပုံလေးမှာသနားစရာကောင်းလွန်းလှသည်။

    " ဟင့်  ...မဟုတ်ဘူး.... မဟုတ်ဘူးနော်" ကြည်လင်နေသော မျက်၀န်းလေးက ပွင့်ဟလာလေသည်။မျက်၀န်းတွေထဲမှာလည်း  အရည် ကြည်ကလေးများ  ရစ်သိုင်းနေသေးသည်။

       ခဏကြာအောင် ငြိမ်သက်နေပြီးမှ ကျွန်မ ဘယ်ရောက်နေတယ်ဆိုသာ အသိ၀င်လာပြီး အိပ်ယာမှ အမြန်ထကာ တကိုယ်ရေသန့်ရှင်းရေး ပြုလုပ်လိုက်သည်။

        နောက် စံအိမ်ရဲ့ မီးဖိုခန်းရှိရာကို ထွက်လာခဲ့သည်။ အခန်းထဲ၀င်၀င်ချင်း  မွှေးကြိုင်သော ဟင်းနံ့များက နှခေါင်း၀သို့ တိုး၀င်လာလေသည်။ကျွန်မ ရောက်နေသာ ကို ကြီးနုံက မြင်တော့ --

   "ဟော ဆရာမလေးနိုးလာပြီ"

     " ဟုတ်ကြီးကြီး ၊  ဒါနဲ့ အစောကြီးကို ဟင်းတွေ အများကြီးချက်နေသာလား"

      ကြီးနုံက  ဟင်းမြည်းနေသည်မို့ စားပွဲပေါ်သို့ ပုဂံများစီချနေသော တိုးတိုးက ၀င်ပြောလာလေသည်။

"  ဒီနေ့ သခင်မကြီးက သူရဲ့ မွေးရပ် ဇာတိ ရွာကနေ ပြန်လာမှာလေ  ဆရာမလေးရဲ့ "

       "အော် ...... " ထိုအကြောင်းအရာနှင့်အတူ  ကျွန်မ  ဦးနှောက်ဆီသို့ ပြေး၀င်လာသော  အကြောင်းမှာ  'သဲနု´ သည်လည်း ထိုရွာက ဖြစ်လေသည်။သဲနုအကြောင်းစဥ်းစားမိသည်နှင့် ကျွန်မ စိတ်များ အုံမှိုင်းလာ ရ၏။

    ဘယ်သူမဆို  မိမိခင်ပွန်းရဲ့ နောက်ဇနီးအ​ကြောင်း တွေးမိရင်  စိတ်ကြည်နေမည်နည်း။

'' အချစ်ကြီးသူ၏ ရင်ထဲ၀ယ် ''(completed){Z+U}Where stories live. Discover now