စံအိမ်ရှေ့ ကားရပ်လိုက်ခြင်း ကျွန်မ စိတ်လှုပ်ရှားမိလာသာ တော့အမှန်ပင်။ဒီစံအိမ်ကို ကျွန်မ ပထမဆုံးရောက်လာချိန်တွင် မောင်က ကျွန်မဘေးမှာ ရှိခဲ့၏။ထိုအချိန်လေးအား ကျွန်မ ပြန်ပြောင်းအမှတ်ရမိသွားသေးသည်။ကားပေါ် က ကျွန်မဆင်းလာတော့ စံအိမ်အတွင်းမှ *ကြီးနုံ နှင့် တိုးတိုး * ဆိုသောကောင်မလေး ထွက်လာကြ၏။
" ဟော ဆရာမလေးရောက်လာပြီပဲ " ကြီးနုံက အပြုံးလေးနဲ့ ဆိုလေသည်။ကျွန်မ ကြီးနုံ ရဲ့ထိုအပြုံးလေးအား လွမ်းဆွတ်နေခဲ့၏။
" ဟုတ်ကဲ့ ကြီး ...... " ကျွန်မ စကားကို ခဏတန့်သွားရင်း ကိုယ့်ကိုကိုယ် သတိကပ်ခါ " တွေ့ရပ်သာ ၀မ်းသာပါတယ် ကြီးကြီး "
တော်ပါသေး၏ ကျွန်မ ကြီးနုံဟုခေါ်မိတော့မလို့ ။" ကြီးနုံကလည်း ဆရာမလေးကို တွေ့ရသာ၀မ်းသာပါတယ် ကွယ် ၊ ကားအကြာကြီးစီးခဲ့ ရလို့ ပင်ပန်းနေပြီ ထင်တယ် ၊ ဆရာမလေးနေရမဲ့ အခန်းကို လိုက်ပို့ပေးမယ်လေ "
ကျွန်မ ပါလာသော ပစ္စည်းတွေကို တိုးတိုးကပါ ကူသယ်ပေးရင်း စံအိမ်အတွင်း၀င်ခဲ့လိုက်၏။ကျွန်မ စံအိမ်အတွင်း ေ၀ှ့ကြည့်ရင်း မောင်အားရှာလိုက်မိသည်။ ဒါပေမဲ့ မောင်ရဲ့ အရိပ်ရောင်ကိုပင် မမြင်မိပေ။
ဤစံအိမ်က အထပ် ၂ထပ်ရှိ၏။ အပေါ်ထပ် အခန်းများ ကစံအိမ်ရဲ့ မိသားစု၀င်များသာနေရသည်။ အောက်ထပ်အခန်းများတွင်တော့ စံအိမ်ရဲ့ အခြားလူများနဲ့ အိမ်စေများနေကြရ၏။အခန်းတိုင်းက သပ်ရပ်စွာရှိကြပြီး စံအိမ်ရဲ့ အတွင်းပိုင်းအပြင်အဆင်များက ရင်သက်ရှုမောဖွယ်ပင်။
ကျွန်မ နေရမဲ့ အခန်းထဲသို့ရောက်သောအခါ ကြီးနုံက အခန်းတံခါးများကို လိုက်ဖွင့်၍ ကျွန်မနဲ့ တိုးတိုးက ပါလာသော ပစ္စည်းများကို ဘီရိုအတွင်းတို့ ပြောင်းထည့်နေလေသည်။
" ဟယ် ဆရာမက ဒီမိတ်ကပ်ဘူးကို သုံးသာလား " တိုးတိုးသည် ကျွန်မ မိတ်ကပ်ဘူးအား မျက်လုံးရွဲကြီးနှင့် ကြည့်နေလေသည်။
" အမက မသုံးပါးဖူး ၊ မေမေထည့်ပေးလို့ ယူလာသာ ညီမ သဘောကျရင် ယူလိုက်လေ"
ESTÁS LEYENDO
'' အချစ်ကြီးသူ၏ ရင်ထဲ၀ယ် ''(completed){Z+U}
Romanceသွေးသံသရဲရဲနဲ့မြင်ကွင်းများ ၊ လူတစ်ယောက် ကြောက်မက်ဖွယ်သေဆုံးနေခြင်းများ ၊ သွေးပျက်ဖွယ် အော်ညည်းသံများကို ကျွန်မ မကြောက်ပေ ...... ကျွန်မ ငယ်ငယ်လေးထဲက မနက်တိုင်း အိပ်ယာက နိုးထလာခြင်းသည် မိဘတွေရဲ့ နွေးထွေးတဲ့ အသံတွေနဲ့ နှိုးသာကြောင့်မဟုတ်သလို...