" ညည့်နက်နေပြီ ကား နဲ့ တစ်ယောက်ထဲပြန်လို့ အဆင်ပြေမှာလား"' ပြေသာပေါ့ သူဌေးရယ် သိပ်ပြေသာပေါ့ ကျွန်မအတွက် ဒီစံအိမ်မှာရှိနေရမှာထက် အပြင်မှာက ပိုလုံခြုံပါတယ် ရှင် 'စိတ်ထဲမှာ စကားများစွာပြောနေပေမဲ့ အပြင်မှာတော့--
" ပြေပါတယ် သူဌေး"
သူမ သူဌေးရှေ့မှ ပြန်လှည့် ထွက်လာချိန် မတော်တဆ မြင်လိုက်ရသော မျက်၀န်းတစ်စုံကြောင့်ခြေတစ်လှမ်းပင် နောက်သို့ဆုပ်မိသွားလေသည်။
" ဂလု .... " အလိုအလျောက်တံတွေးမျိုချလိုက်မိချိန်မှာပဲ ထိုမျက်၀န်းတွေက သန့်ရှင်းကြည်လင်ပြီး အပြစ်ကင်းစင်သောမျက်၀န်းတွေ ဖြစ်နေလေသည်။သူမ မျက်တောင်မွှေးများကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ရင်း သူမပဲ အမြင်မှားသွားသာလား ဟု တွေးလိုက်မိသည်။
" ကောင်းသော ညချမ်းပါ " ထိုမျက်၀န်းပိုင်ရှင် မိန်းကလေးက ပြောလာလေသည်။
" ကောင်း ..... ကောင်း .... ကောင်းသောညပါ" သူမ စကားတွေပင်ထစ်နေမိသည်။ အပြုံးလေးနဲ့ ထိုမိန်းကလေးက ပြောနေပေမဲ့ သူမမှာတော့ ကြက်သီးမွှေးညင်းတွေပင် ထလာလေသည်။ဒါကြောင့် အမြန်ဆုံးနှုန်းနဲ့ စံအိမ်အတွင်းမှ သူမ ထွက်ခဲ့လေသည်။
" ညည့်နက်နေပြီ ဆရာမလဲ အိပ်တော့ပါ ကျန်သာနောက်မှ ဆက်ပြောသာပေါ့" ထိုင်ရာမှထကာ မောင်က ပြောလာလေသည်။
" အာ ဒါနဲ့ ကျွန်မ စောင့်ရှောက်ရမယ့် လူနာက .... "
မောင်က အလိုမကျစွာ ပြန်လှည့်လာပြီး သွားကြားထဲက ထွက်လာသောလေသံနဲ့ __
" နောက်မှပေါ့ ........ ညည့်နက်နေပြီ "
" သြော .... " ကျွန်မ ဆိုသည်မှာလည်း ကိစ္စတစ်ခုကို သိချင်ပြီဆို အရိပ်အကဲ သိပ်နားမလည်တက်ပေ။ကျွန်မ ယနေ့ ညတွင်ကောင်းကောင်းအိပ်ပျော်တော့မည်မဟုတ် ။အခုချိန်ထိ 'သဲနု' နဲ့ မောင့် အဖွား * ဖွားခမ်းရိပ်* ပြီးတော့ အဖွားနားမှာနေတက်တဲ့ * စိုးစိုး* ဆိုသော ကောင်မလေး တို့ရဲ့ အရိပ်ယောင်ကို ပင် မမြင်ရသေးပေ။သူတို့တွေ စံအိမ်မှာ မရှိကြဘူးလား ???
ESTÁS LEYENDO
'' အချစ်ကြီးသူ၏ ရင်ထဲ၀ယ် ''(completed){Z+U}
Romanceသွေးသံသရဲရဲနဲ့မြင်ကွင်းများ ၊ လူတစ်ယောက် ကြောက်မက်ဖွယ်သေဆုံးနေခြင်းများ ၊ သွေးပျက်ဖွယ် အော်ညည်းသံများကို ကျွန်မ မကြောက်ပေ ...... ကျွန်မ ငယ်ငယ်လေးထဲက မနက်တိုင်း အိပ်ယာက နိုးထလာခြင်းသည် မိဘတွေရဲ့ နွေးထွေးတဲ့ အသံတွေနဲ့ နှိုးသာကြောင့်မဟုတ်သလို...