~~33~~

609 16 0
                                    

ရဲကားသည် ပုဏ္ဏရိပ်စံအိမ်ရှေ့၌ ရပ်သွားခဲ့လေသည်။ထိုနောက် ရဲ ယူနီဖောင်း ၀တ်စုံ အပြည့် ၀တ်ထားသည့် မောင်နဲ့ မသိမ်းမယိမ်းလူ ရွယ် နှစ်ယောက် ကားပေါ်က ဆင်းလာခဲ့လေသည်။

" ကိစ္စထူးလို့လား မင်းနောင် ၊ လာ ဧည့်ခန်းထဲသွားရအောင် "

" ကိစ္စက ထူးတယ်ကွ ရှင်းရိပ် ၊ မင်း စုံးစမ်းခိုင်းတဲ့ကိစ္စ သိရပြီ လေ "

မောင်က ကားပေါ်က ဆင်းလာသည့် ရဲတစ်ယောက်အား စကားများပြောရင်း ဧည့်ခန်းထဲသို့ ၀င်လာကြသည်။ကြည့်ရသည်မှာ မောင်တို့က ရင်းနှီးကြပုံပါပဲ ။ ဧည့်ခန်းထဲ ၌ စံအိမ်ရှိလူအားလုံးစု​ေ၀းကာ ဆိုဖာတွေပေါ်မှာ ထိုင်နေကြပြီဖြစ်သဖြင့် ကျွန်မလည်း အနီးနားက ဆိုဖာပေါ်တွင် ၀င်ထိုင်လိုက်သည်။

" ဘာထူးလို့လဲ မင်းနောင် "

" ငါပြောမဲ့ စကားကို ဒီမှာရှိတဲ့ လူတွေပါ ကြားဖို့ မင်းအတွက် အဆင်ပြေမှာလား "

အခုမှ၀င်လာသော ကျွန်မကိုကြည့်ကာ ရဲအုပ်ကြီးက ပြောလာလေသည်။ မောင်က ကျွန်မရှိရာကို တစ်ချက်ကြည့်လာခဲ့သည်။

"ဘာမှမဖြစ်ပါဘူး ပြောပါ မင်းနောင် "

"မင်း ဇနီးနန်းကြာရိပ်ကို ဓားနဲ့ ထိုးသွားတဲ့သူ က အခု စခန်းမှာ သူကိုယ်တိုင် လာ၀န်ခံတယ် ရှင်းရိပ် "

" ဘာ ..... သူကိုယ်တိုင် လာ၀န်ခံတယ် "

ဒေါသရိပ်သန်းနေသော မောင်အသံ၌ အံ့သြမှုများလည်း ပါ၀င်နေသည်။ ရဲအုပ်ပြောသော စကားသည် ကျွန်မအပါအ၀င် စံအိမ်ရှိ လူအားလုံးကို အံ့အားသင့်စေ၏။

" ဘယ်သူလဲ မင်းနောင် ၊ ငါတို့သိတဲ့ လူတွေထဲကလား "

" အင်းဟုတ်တယ် ပြောရရင် မင်းတို့ ဆွေမျိုးတွေထဲကပဲ ငါ ..... "

ရဲအုပ်က ပြောရမှာ အားနာနေသည့်ပုံပေါ်သည်။

" ပြောပါ မင်းနောင် ဘယ်သူပဲဖြစ်ဖြစ် "

ရဲအုပ် သက်ပြင်းချလိုက်သာကို ကျွန်မ မြင်ရသည်။ ကျွန်မ စိတ်ထဲ၌ မြင်းရိုင်းတစ်ကောင် ကဆုန်ပေါက်နေသလိုဖြစ်နေ၏။ ကျွန်မ အား ဓားနဲ့ ထိုးလိုက်တယ် ဆိုသည်ထက် အဆိုပါလူသတ်သမားက မောင်ကို သတ်ဖို့ ရည်ရွယ်ခဲ့သူမလား ။ကျွန်မ မသိလိုက်မသိပါသာ လက်သီးဆုပ်လိုက်မိသည်။

'' အချစ်ကြီးသူ၏ ရင်ထဲ၀ယ် ''(completed){Z+U}Where stories live. Discover now