လေတဖြူးဖြူးတိုက်ခတ်လာသာကြောင့် လျော့ရဲစွာထုံးထားသော မိန်းကလေး၏ ဆံထုံးလေးသည် ပြေကျကာ လေ၌ လူးလွင့်သွားလေသည်။နက်မှောင်နေသော ဆံနွယ်များကြောင့် သူမြင်နေရသော ထိုမိန်းကလေးသည် သူ့အတွေးထဲက နန်း ဟုတ်မနေခဲ့ပေ။''နန်းက ဘယ်လိုလုပ် ထိုနေရာမှာရှိနေနိူင်မှာလဲလေ '' သူရဲ့ ရူးကြောင်ကြောင်နိူင်တဲ့ အထင်အမြင်လွဲမှားမှုပင်ဖြစ်လေသည်။
သူသည် သေသပ်လှပသော သူ့လက်ချောင်းများနဲ့ ပြတင်းပေါက်ဘောင်အား ဆုပ်ကိုင်လိုက်လေသည်။သူ ဘာလို့များ ထိုသူနာပြုဆရာမလေးအား နန်းလို့ ထင်နေမိသနည်း။ပထမ တစ်ခါတုန်းက သူရဲ့ ထိုင်းမှိုင်းနေတဲ့ စိတ်အစဥ် ပြီးတော့ ညဆိုသာ ပိုပြီး အထင်မြင်မှားစေနိူင်ခြင်းကြောင့် ဖြစ်ခဲ့ပေမဲ့ {A/N တမာနဲ့ သူနဲ့ ပထမဆုံးတွေ့ဆုံချိန် ကိုပြောခြင်း} အခုအခါတွင်တော့ မနက်ခင်းကြီးကိုပင် သူအမြင်မှားနေခြင်းဖြစ်သည်။
သူ ပင့်သက်ရှိုက်လိုက်ရင်း သူ၏ အခန်းထဲက ထွက်လာခဲ့လေသည်။ထိုသူနာပြု ဆရာမလေးရဲ့ နောက်ကြောင်းကို သူ စုံစမ်းခဲ့လေသည်။သူမသည် သာမာန် မိသားစုကဖြစ်ပြီး နောက်ကြောင်းအရှုပ်အရှင်း မရှိထားသာကြောင့် သူခိုင်းမယ့်အလုပ်အတွက် ယုံကြည်ရလောက်ပါ၏။** သူ ဒီနေ့ ထိုသူနာပြုဆရာမနဲ့ သူမ စောင့်ရှောက်ရမယ့် လူနာအား တွေ့ ဆုံပေးမည်ဖြစ်သည်**။
ပန်းပင်လေးများကိုရေလောင်းရင်း မြေပြင်ထက်ကြွေကျနေသော အရွက်ခြောက်များနှင့် အပင်ထက်က ရော်ရွက်၀ါအချို့အား ချွေချကာ တမြတ်တနိုးနဲ့ အပင်လေးများကို ဂရုစိုက်နေလေသည်။ကျွန်မ အတွက် အခုလိုမျိုးအပင်လေးတွေကို ဂရုစိုက်ရသည်က ပီတိဖြစ်ရလွန်းလှသည်။ ** ကျွန်မ ရင်သွေးလေး မရှိတော့သည့် နောက်ပိုင်း ဒီပန်းပင်လေးများကို ကျွန်မရင်သွေးလေးနေရာမှာ အစားထိုးခဲ့၏**။
သူမသည် ထိုင်ရာမှထလိုက်ပြီး ပန်းပင်ထက်က လှပစွာပွင့်ဖူးနေတဲ့ ပန်းပွင့်အနီရဲရဲလေးအား ဖွဖွလေး နမ်းရှုံ လိုက်ပုံက နုနယ်သော ကလေးငယ်လေးရဲ့ ပါးပြင်နုနုလေးအားနီရဲသွားမှာဆိုး သည့်အလားပင်။
VOUS LISEZ
'' အချစ်ကြီးသူ၏ ရင်ထဲ၀ယ် ''(completed){Z+U}
Roman d'amourသွေးသံသရဲရဲနဲ့မြင်ကွင်းများ ၊ လူတစ်ယောက် ကြောက်မက်ဖွယ်သေဆုံးနေခြင်းများ ၊ သွေးပျက်ဖွယ် အော်ညည်းသံများကို ကျွန်မ မကြောက်ပေ ...... ကျွန်မ ငယ်ငယ်လေးထဲက မနက်တိုင်း အိပ်ယာက နိုးထလာခြင်းသည် မိဘတွေရဲ့ နွေးထွေးတဲ့ အသံတွေနဲ့ နှိုးသာကြောင့်မဟုတ်သလို...