The End

1.9K 33 4
                                    

~~~~နောက် နှစ်ရက် ကြာသောအခါ~~~~

ပုဏ္ဏရိပ်စံအိမ်ရဲ့ ချွေးမကြီး နန်းကြာရိပ် ၏  စျာပနာပွဲအခန်းအနား ပြီးဆုံးသွားပြီဖြစ်သ  ဖြင့် မြို့ရဲ့ စျာပနာပွဲသို့ လာသော လူကုန်ထန်မိသားစုအသိုင်းအ၀ိုင်းများသည် လည်း အသီးသီးပြန်သွားကြပြီဖြစ်သည်။

လာရောက်ကြသူများအား ဟန်ဆောင်ထားရသော မျက်နှာထားနှင့် ဧည့်ခံနေရသော ရှင်ရိပ်မောင် ရဲ့မျက်နှာထားသည်လည်း  ယခုအခါ ကွာကျသွားပြီဖြစ်၏။ခံစားချက်ကင်းမဲ့သော အမူအရာ နှင့်သူသည် ဧည့်ခန်းထဲမှ ထွက်လာခဲ့ပြီး  သူ့ဇနီးအလောင်းထားခဲ့သော လျှို့၀ှက်ခန်းထဲသို့ ၀င်သွားခဲ့လေသည်။

ယခုအခါ ထိုအခန်းထဲ၌ ဗလာကျင်းနေပြီး သူ့ဇနီးနဲ့ပတ်သတ်သော အရာမှန်သမျှသည်လည်းမရှိတော့ပေ။ထိုအခန်းထဲမှာရှိသာဆိုလို့ အခန်းနံရံနားကို ကပ်ထားသည့်ဖြူလွလွစားပွဲခုံပုလေးတစ်ခုသာဖြစ်လေသည်။သူ ထိုစားပွဲရှိရာဆီသို့ ဖြည်းညင်းစွာလျှောက်သွားနေမိသည်။ သူ   မမြင်ရသာကြာပြီဖြစ်သော အပြုံးလေးအား ပန်ဆင်ထားသည့် သူ့ဇနီးရဲ့ ဓာတ်ပုံဘောင်လေးတစ်ခုနှင့် သူကိုယ်တိုင် ဥယျာဥ်ထဲက နှင်းဆီပန်းနီနီလေးတစ်ပွင့် ချိုးကာ ထိုးထားသည့် ပန်းအိုးလေးတစ်ခုသာ ထိုစားပွဲပေါ်တွင် နေရာယူထားတော့ လေသည်။

" အခုတော့ ပြုံးနေပြီပေါ့ မောင့် ကိုကြတစ်ယောက်ထဲထားခဲ့ပြီးတော့လေ .... "

သူ အခန်းရဲ့ ကြမ်းပြင်ပေါ်သို့ ထိုင်လိုက်ပြီး သူ့ဇနီးရဲ့ ဓာတ်ပုံလေးအား တွေ​ေ၀စွာ      ကြည့်၍ ပြောလိုက်လေသည်။နောက် သက်ပြင်းချသံတိုးတိုးလေး ထွက်ပေါ် လာပြီး ဘေးက နံရံအား မှီလိုက်လေသည်။သူ့မျက်၀န်းတွေမှိတ် လိုက်မိတော့ သူ့အာရုံထဲ၀င်လာသည်က နန်းရဲ့ ပုံရိပ်များသည်သာ.... ။

သူ မျက်၀န်းတွေအားအလျှင်အမြန်ဖွင့်လိုက်မိသည်။သူ လက်မခံနိုင်သေးပါ နန်းက ဒီလောကကြီးမှာ မရှိတော့ဘူး ဆိုသာကိုပေါ့ ၊ မနေ့တစ်နေ့ကတောင်  ဒီအခန်းထဲမှာ နန်းရဲ့ပုံမှန်နှလုံးခုန်နှုန်းစီးချက်သံတွေ လွင့်ပျံနေခဲ့သာ မဟုတ် လား ။

'' အချစ်ကြီးသူ၏ ရင်ထဲ၀ယ် ''(completed){Z+U}Tempat cerita menjadi hidup. Temukan sekarang