01

2K 107 0
                                    

" ထွက်သွား!!နင်ဒီအိမ်ကထွက်သွားစမ်း ဒီအိမ်ကမင်းကိုဘယ်တော့မှမကြိုဆိုဘူး "

ထိုအသံသည် အမျိုးသမီးတစ်ယောက်ထံမှ။
အသက်လေးဆယ်ကျော်ပြီဖြစ်သော်လည်း
အရွှယ်တင်နုပျိုနေသောသူမဟာ ဒေါသ သိပ်ကြီးပါသည်။နှုတ်ခမ်းတွင်ဆေးအကူခေါ်ထားသောကြောင့်ရဲရဲတောက်လျက် တင်းတင်းစေ့ထားသည်။သူမတော်တော်ဒေါသထွက်နေသည်ကိုမပြောလည်းသိနိုင်မည်။

သူမဒေါသထွက်နေသူမှာ သူမရှေ့တွင်ပေသေသေ မထီမဲ့မြင်မျက်နှာထားဖြင့် ခြေချိတ်ထိုင်နေသောကောင်လေးတစ်ယောက်။

ထိုကောင်လေးကလှတယ် လှတာထက်ပိုတယ် ခက်ချွန်ချွန်နှာတံ၊စူးရှလွန်းတဲ့မျက်လုံး၊ခပ်ပါးပါးနှတ်ခမ်းတစ်စုံ၊ပန်းရောင်သန်းနေသောဆံပင်တွေ။မိန်းမတစ်ယောက်ကဲ့သို့ လှတာမျိုးမဟုတ်ပဲ ယောကျာ်းလေးတစ်ယောက်ရဲ့စံနှုန်းကိုချိုးထားနိုင်လောက်အောင် သိပ်ကိုလှလွန်းသည်။

" Oh.. အန်တီ့စကားကြမ်းလှချည်လား ကျွန်တော်ကလာချင်လွန်းလို့လာတယ်များထင်နေလား။အန်တီ့သားက ကျွန်တော်မှမလာရင်မိုးပြိုတော့မလိုဖြစ်နေလို့ ကျန်ရှိ​သေးတဲ့သံယောစဥ်သေးသေးလေးနဲ့လာခဲ့တာ စိတ်တိုအောင်လုပ်မိသွားပြီထင်တယ်။"

"နင်... ပြန်တော့ ဒီအိမ်ကိုယောင်လို့တောင်မလာနဲ့ ငါ့သားနဲ့ကိုလဲပတ်သတ်စရာမလိုဘူး!"

" အဟက်.. ဒီစကားကအန်တီ့သားကိုပြောရမှာထင်တယ်နော် "

" ဆောန် မောင်...ဟမ် မာမီရောက်နေတာလား "

" သားငယ်! နင်အဆင့်အတန်းမရှိတဲ့ဒီလိုကောင်ကိုအိမ်ပေါ်ထိခေါ်ထားရအောင် နင်ဦးနှောက်ပျက်သွားပြီလား။နင်ကကော ငါ့သားကိုချူစား​ေနတာမလား ဟမ်။ "

" မာမီ! "

" အင်း ချူစားနေတာလေကျွန်တော်ကခင်ဗျားသားကို မထင်ထားဘူးခင်ဗျားသားကအဲ့လောက်လွယ်မယ်လို့။ "

" ဆောန်! "

" သားငယ် နင်ကြားလား ကြားလိုက်တယ်မလား ငါပြောပါတယ်ဒီကောင်က နင့်ကိုချူစားနေတာ။ "

" မဟုတ်ဘူး! မာမီပြန်တော့! "

" သားငယ် နင်ငါ့ကိုပြန်ခိုင်းရမှာမဟုတ်ဘူး မင်းနောက်က ကျက်သရေမရှိတဲ့ကောင်ကိုပြန်ခိုင်းရမှာ "

ဆောန်Where stories live. Discover now