10

727 74 7
                                    

အေးစိမ့်စိမ့် လေပြေငယ်တွေဟာ နူးညံ့လှသည့် ဆောန်ငယ် ပါးပြင်ပေါ်သို့ဖြတ်ကာတိုက်ခတ်သည် ။ ထိုစဉ် ထိုပါးပြင်နုနုပေါ်သို့ မောင်က ခပ္ဖြဖြ အနမ်းခြွေလိုက်ချိန် ပါးပြင်ငယ်ဟာ ပန်းနုရောင်သန်းသွားလေသည် ။

ထိုအရာကို မောင်ဟာ မျက်လုံးတွေမှေးစင်းကာ ခပ်ဖွဖွရယ်သည် ။ ထို့နောက် ပန်းရောင်သန်းနေသည့်ဆံသားပျော့ပျော့လေးတွေကို ထိကိုင်နေပြန်ပါသည် ။ တိတ်ဆိတ်နေပါသည့် အခန်းတစ်ခုမှာ မောင်စကား မဆိုလာသည်ကြောင့် ဖြစ်တည်လို့နေ၏။

" မောင် "

ဆောန် အခေါ်ကိုမောင်ဟာ မထူး။
ဆံသားနုနုပေါ်မှမောင့်လက်သွယ်သွယ်ဟာလည်း ဖယ်ကြဉ်မသွား ။ မောင်တိတ်ဆိတ်နေရခြင်းမှာ အဘယ့်ကြောင့်နည်း။

ဆောန်ဟာ သက်ပြင်းခပ်ဖွဖွချလိုက်ကာ သူ့ဆံသားပေါမှ ပြေးလွှားနေသည့် မောင့်လက်သွယ်သွယ်ကို ဖယ်ကြဉ်မိသည် ။ ထို့နောက် မောင့်မျက်ဝန်းနက်နက်ကို စိုက်ကြည့်လိုက်တော့ မောင်က မျက်တောင်တစ်ချက်ခတ်ကာ ဆောန်ငယ် လက်လေးကို အမြတ်တနိုးဆုပ်ကိုင်လာပြီး

" ချစ်တယ် ဆောန် .. မောင့်ကို အဆုံးထိစောင့်နေပေးဖို့မျှော်လင့်တယ် ။ မောင်ပြန်လာရင် မင်းလက်ကလေးကိုဒီလိုအမြတ်တနိုး မလွှတ်တမ်း ဆုပ်ကိုင်ပြီး ပင်လယ်ကြီးဆီ သွားကြမယ် "

အချိန်အနည်းငယ်ကြာတိတ်ဆိတ်နေခြင်းမှ ထွက်ပေါ်လာသည့် မောင့်အသံငြိမ်ငြိမ်က မုသားပါခဲ့လေသလား ဆောန် မစဥ်းစားတော့ မောင့်ရင်ခွင်နွေးနွေးထဲ တိုးဝင်ကာ မောင့်ကိုယ် သင်းနံ့ကို အလွတ်ရနေအောင် ၊ မောင်ငါ့နားမရှိတဲ့အချိန် အလွမ်းသယ်စရာ သူ့ နှာခေါင်းလေးမှာအနည်းငယ် ကပ်တွယ်စေချင်မိပါရဲ့ ။

" မောင့်ကတိ မောင်တည်ပါစေ ... "

ထိုမျှသာ ဆောန်ဆိုခဲ့ပြီး မောင့်ရင်ခွင်ကျယ်ထဲနစ်မြုပ်နေခဲ့ပါသည် ။ မိနစ်အနည်းငယ်အကြာ မောင့် Phone ဟာ အသံမြည်လာခြင်းနှင့်အတူ
မောင့်သက်ပြင်းချသံသဲ့သဲ့ကိုပါ သူကြားလိုက်ရသည် ။

ထို့နောက် ...

ရင်ခွင်ထဲမှ လူသားငယ်အား ခပ်ဖွဖွဆွဲထုတ်ကာ

ဆောန်Where stories live. Discover now