05

555 75 1
                                    

လေတဖြူးဖြူးတိုက်ခတ်လျက်
ထိုလေသည်ပင်လယ်အနံ့ကိုသယ်ဆောင်လျက်ရှိနေသည်။ နေ့လည်ရောက်နေပြီဖြစ်သော်လည်း ထွက်၍မလာသောနေမင်းကြီးကြောင့် အေးစိမ်
စိမ့်ရာသီဥတုက ဆောင်းဦးရာသီ၏လဏ္ခာ။
ကမ်းစပ်ကို ပင်လယ်ရေလာ၍ရိုက်ခတ်သောကြောင့်အသံများဆူညံလျက်

သိပ်လှပ​ေသာပင်လယ်ရေပြာပြာအား
ငေးကြည့်နေသောကောင်လေးသည် မျက်ခုံးထူများကိုစုကြုံ့လျက် ပါးစပ်အားတင်းတင်းစေ့ထားသည်။တစ်ခုခုကိုလေးလေးနက်နက်တွေးနေသည့်ဟန်။

" ဟေး... ဆောင်းဟွန်း "

ထိုအသံပိုင်ရှင်ဟာဆောင်းဟွန်းဆီသို့လှမ်းလာနေသည် ။ဆောင်းဟွန်းသည် ထိုအသံပိုင်ရှင်အားတစ်ချက်ကြည့်လိုက်ပြီးအပြုံးတုတစ်ခုအားပန်ဆင်ကာ လက်ပြလိုက်သည်။

ထိုအသံပိုင်ရှင်၏အမည်မှာပတ်ဂျုံဆောင်း ဖြစ်သည်။ ဒီပင်လယ်တွင်ရှိသည့်Hotelမှန်သမျှကို ပိုင်သည်။ အခုလည်းပင်ပန်းသလိုရှိနေလို့တစ်ရက်၊နှစ်ရက်လောက် ဒီမှာလာနေရခြင်းဖြစ်သည်။

လာနေသည့်ရက်ပိုင်းအတွင်း ဆိုးလ်မြို့က ဟိုအသေးလေးကိုလည်းလွမ်းနေရတာအမော...
မလာခင်တစ်ရက်အလိုက အလုပ်ပင်ပန်းလို့ဆိုပြီးဆောန်ငယ်ကိုပြစ်ထားသလို။ အလေးနက်မထားသလိုဖြစ်သွားခဲ့တယ် သူ့ဆီ စာလဲမပို့ဖြစ်သလို။ဖုန်းလဲမခေါ်ဖြစ်ခဲ့ဘူးစောစောအိပ်ယာဝင်ဖြစ်ခဲ့တယ်ပေါ့။

မနက်ရောက်တော့ဒီနေရာကိုလာလိုက်သည်။ အခုဆောန်ငယ်ကျွန်တော့်ကိုစိတ်ကောက်နေပြီလားမသိဘူးဗျာ။ Phone ဆက်ကြည့်တော့လည်းဆက်လို့မရ၊ပြန်ရောက်မှချော့တော့မယ်။ အခုတော့ကောက်ထားအုံးပေါ့။

" မင်းဘာဖြစ်နေတာလည်း မျက်နှာလည်းမကောင်းဘူး။ "

" စိတ်နည်းနည်းရူပ်နေလို့ပါကွာ။ "

" ဘယ်လိုဖြစ်တာလဲ။ "

" ဒီတိုင်း။ "

" ပြောလိုက်လေ "

" မရဘူး...ဘယ်လိုမှရမှာမဟုတ်ဘူး။ "

မျက်နှာအားလက်ဖြင့် ခပ်ကြမ်းကြမ်းပွတ်ကာ
ဆိုသည်။

ဆောန်Where stories live. Discover now