09

557 70 3
                                    

" မောင်... "

နက်မှောင်သည့် ဆံပင်တွေအား တစ်ချက်တပ်တင်ကာ မောင်ဟာ သွားစွယ်များပေါ်အောင်ပြုံးနေရင်းမှ ဆောန်ငယ်ထံသို့ကမ်းလာသော ပန်းစည်းငယ်လေးဟာ ပြိုင်ဆိုင်ရှားစွာ သိပ်လှပသည်။

အပန်းနုရောင်ခြယ်သထားသည့် ကျူးလစ်ပန်းစည်းလေးကိုကြည့်နေရင်းနှင့်ပင် မောင့်အားမော့ကြည့်လိုက်တော့ မီးခိုးရောင် ကုတ်အင်္ကျီအောက်မှ အဖြူစွတ်စွတ်အင်္ကျီ နှင့် ကော်လံ
တွင် တပ်ဆင်ထားသော အနက်ရောင် neck tie ကြောင့် ယခုမှ company မှပြန်ရောက်သည့်ပုံ။

ထိုကဲ့သို့suit အပြည့်နှင့်မောင်ဟာ ရူး​လောက်အောင် ခန့်ညား နေသလို ၊ သာမာန် ရိုးရိုး အဝတ်အစားတွေနှင့်လည်း ချောမောနေပြန်ပါသည်။

အင်း... မောင့်ဥပေက္ခာတွေကြား စီးကျလာတဲ့မျက်ရည်စများကို ခပ်ဖွဖွသုတ်ရင်း ခပ်ရွဲ့ရွဲ့သာ အသက်ရှင်လာခဲ့ရသည့်နှစ်တွေထဲ မောင့်ဆီမှ မည်သည့်အရာမျှ မရရှိခဲ့ရသလို မျှော်လင့်ချက်တွေလည်းမထားခဲ့ပါ။

သို့သော်... ယခုချိန်တွင် သူသိပ်သဘောကျရသည့် ပန်းနုရောင်ကျူးလစ်ပန်းငယ်လေးတွေအား မောင်ကမ်းပေးလာသည့်အတွက် ပန်းစည်းလေးအား ယူကာ ပြုံးမိသည်။

" သဘောကျတယ်မလား? "

မောင့်အမေးကိုခပ်ဖွဖွသာ ေခါင်းငြိမ့်ပြကာ
တုန့်ပြန်မိသည် ။

" ဒါက မင်းမောင့်ကိုအမြဲအမှတ်ရနေဖို့အတွက်...
အင်း မောင်ဆိုလိုချင်တာက မနက်ဖြန်တစ်ရက်ပြီးရင် မောင်သွားရတော့မယ် ဆောန်ငယ် ... "

အသည်းမာလွန်းသည့်မောင်ဟာ ထိုစကားကို တည်ငြိမ်လွန်းသည့်အသံအနေအထားဖြင့်ဆိုလာခဲ့သည့် ။ ထို့နောက် ရုတ်ချည်း ပျောက်ကွယ်သွားသည့် ဆောန်ငယ်၏အပြုံးငယ်လေးတို့ဟာ မနက်ဖြန်ကို မုန်းတီးနေသယောင်။

သို့မဟုတ် ဤအချိန် ၊ ဤနာရီ ၊ ဤစက္ကန့်တွင် မောင်ဟာ ထိုစကားအားမဆိုခဲ့ပါလျှင် ထိုအပြုံးငယ်တို့ဟာ တည်ရှိနိုင်ပါသေးသည် ။

မောင့်ကြောင့် ရူးမတတ် ခုန်ပေါက်နေလွန်းသည့်နှလုံးသားငယ်လေးက မောင့်စကားတစ်ခွန်းမှာတင် သွေးစိမ်းရှင်ရှင် စီးကျလာခဲ့နှင့်ပြီ ။

ဆောန်Where stories live. Discover now