03

767 81 1
                                    

သာယာတဲ့မနက်ခင်းတစ်ခု။
သို့သော် နေမင်းကြီးကတော့မထွက်လာသေး။

နှင်း​ပွင့်လေးတွေလည်း မြေပေါ်သို့ကျရောက်ကာ အစုလိုက်အပုံလိုက်ဖြစ်နေပုံက သိပ်ကို
ကြည့်၍လှသောမြင်ကွင်းများဖြစ်နေလေသည်။
ဆောင်းဦးရာသီရောက်ရှိခဲ့လေပြီ။ထိုရာသီအားသိပ်ကြိုက်နှစ်သက်သောကောင်လေးတစ်ယောက်ဟာ သူသိပ်ချစ်ရသော ကောင်လေးနှင့်အိပ်မောကျလျက်။

သိပ်မကြာပါ နေမင်းကြီးဟာသူ့တာဝန်အတိုင်းထွက်ပေါ်လို့လာခဲ့ပါပြီ ဖျော့တော့တော့နှင့်နေရောင်လေးဟာ ထိုကောင်လေးနှစ်ယောက်အိပ်မောကျနေသည်ကို အလိုက်သိသည့်အလားသိပ်မထွန်းလင်းပဲ နေလေသည်။

ထိုနေရောင်ဖျော့ဖျော့လေးဟာ မှန် ပြတင်းပေါက်ကိုဖောက်ထွက်လျက် ရှိကာ ထိုကောင်လေးနှစ်ယောက်ပေါ်သို့ဖြာကျလျက်... နေရောင်လေးဟာဖျော့သော်လည်း ကောင်လေးတစ်ယောက်အတွက်တော့ နိုးထဖို့လုံလောက်သောကြောင့် နိုးထလို့လာခဲ့သည်။

နှဖူးပေါ်ကခပ်အုပ်အုပ်ပန်းရောင်ဆံပင်သားပျော့ပျော့တွေကိုအသက်ရူသံမှန်မှန်ဖြင့်ထိတွေ့နေတာကိုခံစားမိသောကြောင့် မော့ကြည့်လိုက်မိတော့ ခပ်ချောချောကောင်လေးတစ်ယောက် သေချာပေါက် မောင် ပဲပေါ့။

မနေ့ကိစ္စပြန်စဥ်းစားမိတော့ဒေါသထွက်လာမိသည်။မောင်ဟာ ပြသာနာတစ်ခုကိုပြီးစီးအောင်မဖြေရှင်းဘဲ ဒီလိုလုပ်လိုက်တာဟာ မမှန်ဘူးမလား။ထို့ကြောင့်ခါးကိူဖက်ထားတဲ့လက်အားဖယ်ကာ ထလိုက်သည်။

နာကျင်နေပါသော်လည်းပြင်းပြင်းထန်ထန်မဟုတ်သောကြောင့် လမ်းကောင်းကောင်းလျှောက်နိုင်ပါသည်။

ရေချိုးခန်းထဲဝင်ကာကိုယ်လက်သန့်စင်ပြီးပြန်အထွက်အခုထိမထသေးတဲ့သူကြောင့် သူလည်းထိုကောင်လေး၏ဗီရိုထဲမှ သူနဲ့သင့်တောင်မယ့် အဝတ်အစားကိုကောက်ဝတ်လိုက်သည်။

သင့်တော်မယ့်အဝတ်အစားသာပြောရတာ ဘယ်တစ်ခုနဲ့မှမတော်အကြီးကြီးမို့ ထိုအကြီးကြီးတွေထဲမှအနည်းငယ်သေးတဲ့အဝတ်အစားအားဝတ်လိုက်သည် ထို့နောက် ထွက်သွားဖို့ပြင်တော့။

ဆောန်Where stories live. Discover now