" ဂင်မ်ဆောနူ ဘယ်မှာလည်း!!! "
မေးနေသည့်သူမှာအသားတွေတစ်ဆက်ဆက်တုန်နေအောင်စိတ်တိုနေသည့်ပုံ ခပ်ပါးပါးနှခမ်းဖူးတစ်စုံသည် တင်းတင်းေစ့ထားလျက် အံကြိတ်ထားသောကြောင့်မှေးရိုးတွေကထင်းနေသည် ။ အကြောင်းပြချက်မဲ့စွာမေးနေသည့်ထိုသူကို ကြောက်နေမိသည်။
" ဟို...ဟိုဘက်နားလေးကဝိုင်းမှာရှိပါတယ်ဗျ ကျွန်တော်လိုက်ပို့-
ထိုသူသည် သူ့စကားကိုမှအဆုံးထိနားမထောင်ခြေလှမ်းကျဲတွေဖြင့်သူညွှန်ပြသောဝိုင်းကိုလျှောက်သွားနေသောကြောင့်သူလည်း ဒီတိုင်းကြောင်ကြည့်နေလိုက်မိသည်။
" လာခဲ့စမ်း!! "
" ဘာလုပ်တာလဲ ပတ်ဆောင်းဟွန်း ငါအလုပ်လုပ်နေတာမမြင်ဘူးလား စကားပြောချင်ရင်ဒီမှာပဲပြော! "
" ဟား ဒီမှာပဲပြောရမှာပေါ့ ခင်ဗျားရဲ့အဆင့်အတန်းမရှိတဲ့သူငယ်ချင်းတွေရှေ့မှာလေ "
" ပတ်ဆောင်းဟွန်း! "
" လာခဲ့လို့ပြောနေတယ်လေ! "
မောင်သည် သူ့လက်လေးအားခက်ကြမ်းကြမ်း ဆွဲကာ ရုံအပြင်သို့ထွက်ဖို့ရာ လုပ်နေသည် သူလည်းငြင်းဆန်၍မရသောကြောင့်ထိုကောင်လေးဆွဲခေါ်ရာသို့ပါသွားရသည် ။ထိုကောင်လေးဘာတွေဒီလောက်ဒေါသထွက်နေတာလည်း?
" အ့ နာနေပြီ! "
" ဂင်မ်ဆောနူ ခင်ဗျားအရမ်းအရွဲ့တိုက်လို့ကောင်းနေလား! ခင်ဗျားမာမီ့ကိုအဲ့လိုအရွဲ့တိုက်လိုက်လို့ ဘာမှထူးလာမှာမဟုတ်ဘူး "
" ဟမ်? ငါနားမလည်ဘူး "
" အဟက် "
မောင်သည်ခပ်ဟ ဟရယ်လိုက်ပြီး ကားကိုအရှိန်တင်ကာမောင်းလိုက်သည်။ ထိုကောင်လေးတော်တော်ဒေါသထွက်နေတာပဲ အနဲငယ်ထူထဲသောမျက်ခုံးတန်းတွေကိုစုကြုံ့ကာ အံကြိတ်ထားပုံကိုကြည့်ပြီး ဘာကိုဒေါသထွက်လို့ထွက်မှန်းသူမသိပါ။
" မင်းဘယ်ကိုသွားနေတာလည်း "
" ပါးစပ်ပိတ်ထား! "
" ဒီမှာပတ်ဆောင်းဟွန်း မင်းဘာဖြစ်နေလည်းငါမသိပေမဲ့ မင်းငါ့ကိုအော်စရာမလိုဘူး ငါကမင်းလုပ်စာထိုင်စားနေတဲ့သူမဟုတ်ဘူး "
YOU ARE READING
ဆောန်
ActionDear Sun, Like the Cherry blossoms, bloom beautifully and fall beautifully. -SUN²