Final

766 40 1
                                    

" ဒါဆို အန်တီ့သားကို ကျွန်တော်မရှိလဲ နေနိုင်အောင်လို့ အရင်လေ့ကျင့်ပေးလိုက်ပါဦး "

ထိုအမျိုးသမီး၏ နီရဲတောက်နေသည့် မျက်ဝန်းတို့ကား လောင်ကျွမ်းမတတ်။ တင်းတင်းစေ့ထားသည့် နီရဲရဲ နှုတ်ခမ်းပါးတွေနောက် မကျေမနပ် အံကို ခပ်တင်းတင်း ကြိတ်ခဲထားသည်။ ဆေးအကူခေါ်ထားသည့် မျက်ခုံးညိုညိုတို့မှာ ထိလုမတတ် အလွန့်အလွန် နီးကပ်နေသည်။

ထိုအမျိုးသမီးမှာ သူမရှေ့မှ မထီတထီမျက်နှာထားနှင့် ဆေးလိပ်အားအေးအေးဆေးဆေး ဖွာရှိူက်နေသည့် ဆံသား ပန်းနုရောင်ဖြင့် ကောင်လေးအား တစ်စစီဆုတ်ဖြဲပစ်ချင်နေသည့်ပုံပင်။ သို့သော် ထိုကောင်လေးက အရေးမထား။ နှုတ်ခမ်းထောင့်စွန်းလေးက ကျေနပ်စွာ ကွေးတက်လို့ ဒေါသရိပ်လွှမ်းနေသည့် ထိုအမျိုးသမီး၏ မျက်ဝန်းတည့်တည့်ကို မထီမဲ့မြင် ခပ်စေ့စေ့စိုက်ကြည့်နေသည်။

လှိုက်ကာစတို့ အနည်းငယ်သာ ပွင့်အာထားသည့် ရလဒ်အနေနဲ့ ထိုအခန်းမယ် အလင်းရောင်တို့က မှိန်ဖျဖျ။ ဒေါက်ဖိနပ်သံ တစ်ဒေါက်ဒေါက်ဖြင့်
စိတ်ရှုပ်စရာ သူ့တိုက်ခန်းထဲ ကျူးကျော်ဝင်လာသည့် ထိုအမျိုးသမီးမှာ ထုံးစံအတိုင်း အထက်စီးမှ စကားစလာသည်။

" ဂင်မ်ဆောနူ! နင်တောင်းဆိုသမျှ ငါလိုက်လျှောပေးမယ် ရလဒ်အနေနဲ့ ငါ့သားကိုမြူဆွယ်နေတာတွေ ရပ်တန့်ကရပ် "

ကောင်လေး၏ သဘာဝအတိုင်း နီစွေးနေသည့် နှုတ်ခမ်းတို့က ဖွင့်ဟကာ ဟက် ကနဲရယ်မောသည်။ ထို့နောက် လက်ဝယ်ကိုင်ဆောင်ထားဆဲ ဆေးလိပ်တိုအာစ ထပ်မံ ဖွာရှိူက်ကာ။

" အိုး...အန်တီအခုထိနားမလည်သေးဘူးထင်ပါရဲ့။ "

ပျင်းရိပျင်းတွဲ့ ခပ်လျှောလျှော ထိုင်နေရာမှ တည့်မတ်ထိုင်လိုက်ကာ ခြေတစ်ဖက်ချိတ်လိုက်ပြီး ထိုအမျိုးသမီးအား စူးစူးရှရှမျက်လုံးများဖြင့် လှန်ကြည့်ကာ။

" ကျွန်တော်ဘာမှမလိုချင်ဘူး ... လိုလဲမလိုအပ်ဘူး။ အန်တီ့သားကသာ ကျွန်တော့်ကို အတင်း လိုက်ကပ်နေတာ... ​ေ-ာက်ရူးလိုမျိုး "

သားဖြစ်သူကို သိပ်ချစ်တဲ့ မိခင်တစ်ယောက်အနေနဲ့ ဆောန်ငယ် ပြောထွက်လာတဲ့ စကားလုံးတွေဟာ လုံးဝ မခံချင်စရာတွေပင်။ ခပ်ယဲ့ယဲ့ ပြုံးနေသော နှုတ်ခမ်းနှစ်လွှာမှာ မဲ့ကျမသွားရန် အတင်း ကွေးတက်ထားသယောင်။

ဆောန်Where stories live. Discover now