" မင်းအခုတလောဆွဲနေတဲ့ ပန်းချီတိုင်းက စိတ်ကို ဝမ်းနည်းစေတယ်။ စုတ်ချက်တွေက အထီးကျန်လွန်းတယ်။မင်းငါ့ကိုလိမ်နေတာပဲ ဂျယ်ယွန်း "
အသံခပ်ငြိမ်ငြိမ်ဟာ လေညှင်းတို့ တိုးဝှေ့ဝင်ရောက်လာရာ ပြတင်းပေါက် နဘေး နေရာတကျ ထားရှိသည့် သူ့ရဲ့ ပန်းချီကားချပ်တွေအား အကြည့်စိုက်နေသည့် အမျိုးသားတစ်ဦးထံမှ ထွက်လာသည်။
ထိုစကားအား သူ့နားထဲ တဝဲလည်လည် ထပ်ခါထပ်ခါ ပြန်လည် ကြားယောင်လာခဲ့သည်။ သွေးစိမ်းရှင်ရှင်ယိုစိမ့်နေပါသည့်နှလုံးသားငယ်အား သူလျစ်လျူရှုချင်သေးရဲ့။
ပူပြင်းလှတဲ့ နွေမှာ ရွက်ဝါတွေက တစ်နေ့ပြီး တစ်နေ့ ကြွေဆဲပါပဲ။ ရွက်ဝါတွေ အစားဒဏ်ရာတွေသာ ကြွေသွားရင် ကောင်းမယ်ထင်ရဲ့။ သို့သော် ဂျယ်ယွန်းကမ္ဘာတစ်ခုလုံးဟာ ဆောင်းရာသီ ဆိုတဲ့ စက်ဝန်းထဲ ရုန်းမထွက်နိုင်ခဲ့ဘူး။
ဆောင်း ပြီးရင် နွေ။
ရုန်းမထွက်နိုင်သေးတဲ့ ရပ်ဝန်းထဲ တဝဲလည်လည် လမ်းပျောက်ရင်း နွေ ကိုလဲ မမျှော်လင့်မိခဲ့ဘူး။ထိုအမျိုးသားစကားအား မတုန့်ပြန်တတ်တော့တဲ့အခါ ခပ်ပါးပါးသာပြုံးရင်း ထိုအမျိုးသားအား ဝှေ့ကြည့်လိုက်သည်။
မျက်ခုံထူထူတွေဟာ စုကြုံ့လျက်ပင် သူ့ပန်းချီကားတွေကို အာရုံစိုက်ကာ ကြည့်နေသော ထိုအမျိုးသားကို သူခပ်တွေတွေ ငေးကြည့်နေမိသည်။
သူ့ခံစားချက်နှင့် ထပ်တူထပ်မျှရှိနေသည့် ဖြူလွှလွှစာရွက်ပေါ်မှ စုတ်ချက်တွေကို ထိုအမျိုးသားရိပ်မိခဲ့သည်။
သူကျေနပ်ပါသည်။ ထိုအမျိုးသားဟာ သူ့ကိုမဟုတ်သည့်တိုင် သူ့ပန်းချီကားတွေကို အာရုံစိုက်ကာ အနက်အဓိပ္ပါယ်ကို သိသည်ဆိုရုံတင် သူကျေနပ်ပါသည်။
ညတိုင်းကောင်းကင်ပေါ်ကိုငေးပြီး
မျက်ရည်တွေ စီးကျတတ်တဲ့ကောင်လေးတစ်ယောက်ကိုမြင်ရင်ရူးနေတယ်လို့ ခင်ဗျားတို့ပြောမလား။ ဟုတ်သည်။ ဂျယ်ယွန်း ရူးနေပြီ။တစ်ခါက ဆောင်းဟွန်း ပြောဖူးသည်။ ကြယ်လေးတွေကို သူချစ်တဲ့သူနဲ့အတူကြည့်ချင်ပါတယ်တဲ့ ။ ထိုအခါက သူတို့နှစ်ယောက်လုံး ကြယ်လေးတွေကိုငေးနေခဲ့တာ။ ဆောင်းဟွန်းနှင့်ထပ်တူကျသည့် သူ့ဆန္ဒဟာ ဆောင်းဟွန်းအတွက်မဟုတ်သော်လဲ သူ့အတွက် ဖြစ်မြောက်ခဲ့သော ဆန္ဒလေးတစ်ခုအဖြစ် နှလုံးသားထဲ တမြတ်တနိုးသိမ်းယူခဲ့ဖူးပါသည်။
YOU ARE READING
ဆောန်
ActionDear Sun, Like the Cherry blossoms, bloom beautifully and fall beautifully. -SUN²